Part - 5

107 13 6
                                        

ကြော်ငြာရိုက်ရမှာမို့ ရိုက်ကွင်းကိုထယ်ယောင်းတို့သွားရလေပြီ။ ထုံးစံတိုင်စ မန်နေဂျာဖြစ်တဲ့ ဆူယော့ ကတော့ပါနေကျအတိုင်း လိုက်လာသည်။

ဖေဖေနဲ့ ဦးတို့ကတော့ အလုပ်ကိုယ်စီနဲ့မို့ မလိုက်လာကြ။

ရှုတင်ကိုရောက်ပြီ....။ အဠန်လှပသော ဒယ်ဂူနားက ကမ်းခြေလေးးး။ ပြာလဲ့လဲ့ ပင်လယ်ပြင်ကြီးနဲ့ ပူပြင်းတဲ့နေရောခြည်လေးးး။

ကြည့်ရုံနဲ့တင်အလွန်လှပသည်။ မျက်စိတစ်ဆုံးးး ခံစားလိုက်တာနဲ့ ထယ်ယောင်းရင်ထဲ ရင်းနှီးနေတဲ့အငွေ့အသက်လေးတွေ။

ရင်ဘတ်တစ်နေရာ ဆစ်ကနဲ နာနေရသလို....အမှတ်ရဖွယ်ပုံရိပ်တွေကားးး မှတ်ဉာဏ်အစိတ်အပိုင်းတွေအဖြစ် အမြင်တွေထဲ သရုပ်ဖော်လျက်။

ဒီပင်လယ်ကြီးမှာပဲ....အတူတူဆော့ခဲ့ကြတာ....ပြေးလွှားကစားလို့ ရယ်မောခဲ့ကြတာတွေ။

ကောင်လေးတစ်ယောက်....ဆံနွယ်အနက်ရောင်တွေနဲ့ ကောင်လေးတစ်ယောက်။ တောက်ပနေတဲ့မျက်လုံးတွေနဲ့ မဲ့နက်လေးနဲ့ ပြုံးနေဆဲ အပြုံးတွေ။

သူမှတ်မိနေပါသည်။ အရာအားလုံးးး ပြောခဲ့သမှိတွေကိုမှတ်မိနေလဲပဲ.....မျက်နှာ။ သူ့မျက်နှာကို မမြင်ရ....ဝါးတားနေတဲ့ အမြင်တွေနဲ့အတူ သူ့မျက်နှာကားး မှတ်ဉာဏ်အစိတ်အပိုင်းတွေထဲ ပျောက်ဆုံးနေဆဲ။
ရုတ်တရက် ပုခုံးကနေ ဖက်လာပါသော ဆူဟော့ကြောင့် ပင်လယ်ကြီးကိုငေးနေမိသောထယ်ယောင်း အသိပြန်ဝင်လာရသည်။

"ဘယ်လိုလဲ ပင်လယ် မရောက်တာကြာပြီမလားးး"

"အင်းးး ကြာပြီပေါ့"

"လောလောဆယ်ကြော်ငြာကြောင့်ပေမဲ့ တစ်ရက်နှစ်ရက်လောက် ဒီမှာနားမလားးး မင်းလည်း ပင်ပန်းနေရောပေါ့"

"ရ ရတယ်လားးး"

"ရတာပေါ့....မင်းလည်း လူပဲလေ....နားချိန်တောရြှိရမှာပေါ့ အခုထိ လုပ်လာခဲ့ တာတွေအတွက် ဆုပေါ့ကွာ"

"ကျေးးး ကျေးဇူး"

ပျော်သွားမိသည်။ အကယ်၍ ဒီမှာသာ ရက်ကြာကြာနေဖြစ်ရင်....မှတ်ဉာဏ်တွေထဲက သူ့ကိုမှတ်မိနိုင်မှာလားးး။ ဝိုးတဝါးမြင်နေရတဲ့ သူ့ကို မြင်နိုင်မှာလားး။

⛓ 𝑻𝒉𝒆 𝑫𝒆𝒕𝒆𝒏𝒕𝒊𝒐𝒏 - အချုပ်အနှောင် (𝑻𝒂𝒆𝒌𝒐𝒐𝒌) ⛓Tempat cerita menjadi hidup. Temukan sekarang