ပျောက်ဆုံးနေတဲ့ အရာလေးးးကို ပြန်ရှာနိုင်မှာလားး။
ဆိုတဲ့မျှော်လင့်ချက်လေးကြောင့်ပင်။

ဘာလို့မှန်းတော့မသိ.....ရင်ထဲက သူ့ကို ရှာမတွေ့ရင်ရူးတော့မလို။ နာကျင်ရသည်။ သူ့ကိုပြန်တွေ့ချင်သလို ပြန်မှတ်မိချင်နေတဲ့ နှလုံးသားအလိုနဲ့ မေ့ပျောက်နေတဲ့အရာတွေကို ဖော်ချင်မိသည်။

စိတ်အလိုလိုက်၍သာ.....သူ့ကိုမှတ်မိချင်ပါသည်။

ထယ်ယောင်း ကားနားမှာသာရပ်နေသေးသည်။ ပင်လယ်ကြီးကိုရှုမျှော်လို့....အသက်ကိုဝဝရှူလိုက်သည်။

ထိုအချိန် ထယ်ယောင်းကိုမြင်သည်နှင့်...ပြေးဝင်လာသော ဝန်ထမ်းတွေနဲ့ ဒါရိုက်တာ။

"ကင်မ်...ရောက်ပြီလားးး"

"ဟုတ်....."

"လာလာ....မတွေ့ရတာကြာလို့လားမသိ ပိုချောလာတယ်နော် ကင်မ်တို့"

"အဲလောက်လည်းမဟုတ်ရပါဘူးဗျာ"

"လာပါဗျာ.... အခုရိုက်မဲ့ကြော်ငြာအကြောင်းလေးဆွေးနွေးရအောင်"

"ဟုတ်ကဲ့ "

ထယ်ယောင်း ကိုဆွဲခေါ်သွားပါသော ဒါရိုက်တာ... ဒါရိုက်တာ ဂျင် မှာ ထယ်ယောင်းနဲ့ကားး ညီအစ်ကိုလိုဆက်ဆံရေးပင်။

ထယ်ယောင်းရဲ့ photoshot တွေနဲ့....ကြော်ကြာတွေတို့ music album တွေ mvတွေရိုက်တိုင်းး ခနခန ပါဝင်သော main ဒါရိုက်တာတစ်ဦးးး။

ရုပ်ရှင်လောကမှာရော Kpop လောကမှာပါ နာမည်ကျော်ဒါရိုက်တာ ကင်မ်ဆော့ဂျင်။

သူရိုက်သမျှအကုန်ပေါက်တယ်လို့ဆိုရလောက်တဲ့အထိ ကျော်ကြားကာ အရမ်းလည်းတော်သလို အလုပ်ကိုလည်း စေ့စပ်သေချာစွာလုပ်တတ်သူ။

ကင်မ်ချင်းတူနေတာကတစ်ကြောင်း ထယ်ယောင်းအပေါ် အလွန်ကောင်းပေးတာကြောင့်တစ်ကြောင်း ခဏတိုင်းလိုလို အလုပ်အတူတူလုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တာတစ်ကြောင်းကြောင့် ရင်းနှီးနေကြတာပင်။

ဂျင်လည်း ထယ်ယောင်းကို ရိုက်ရမဲ့အကြောင်းအရာတွေ.....စာသားတွေ လိုချင်တဲ့ပုံတွေကို ပြောပြနေသည်။

⛓ 𝑻𝒉𝒆 𝑫𝒆𝒕𝒆𝒏𝒕𝒊𝒐𝒏 - အချုပ်အနှောင် (𝑻𝒂𝒆𝒌𝒐𝒐𝒌) ⛓Nơi câu chuyện tồn tại. Hãy khám phá bây giờ