သူမကိုတွေ့တော့ အားလုံးက ဝိုင်းပြီးအရိုသေပေးလာကြသည်။
"ဘာလုပ်နေတာလဲ"
"အရှင့်အတွက် အချိုပွဲတွေပြင်ဆင်နေတာပါ"
အချိုမုန့်လေးတွေကို လှလှပပ ပြင်ဆင်နေတဲ့ မိန်းမပျိုလေးတွေကို ကြည့်ပြီး သူမ သိချင်တဲ့အရာတွေကို မေးဖို့ဆုံးဖြတ်လိုက်သည်။
"ငါတို့ရဲ့အကြောင်း ဒီအိမ်တော်ထဲမှာ ဘယ်သူတွေ ဘယ်လိုပြောနေကြသလဲ"
ပန်းသွေးပြာမေ မေးလိုက်တော့ မိန်းမပျိုတွေက..
"အရှင်ပြောတာက တယောက်ကိုပဲ ကြင်ယာတော်မြောက်မယ်ပြောပါတယ်"
"ကြင်ယာတော်မြောက်မယ် "
ညီအမနှစ်ယောက်စလုံးကို ဆုလာဒ်အဖြစ် သိမ်းပိုက်ထားပြီး တစ်ယောက်ကိုပဲ ကြင်ယာတော်မြှောက်မယ်ဆိုတော့ ဘယ်သူများဖြစ်မှာလဲ။
"ဒီအိမ်တော်ရဲ့အရှင်သခင်အကြောင်းကို ပြောပြစမ်း"
ရာမခမိန်အကြောင်းမေးတော့ အပျိုတော်တွေကလည်း ဗာဟုမျိုးနွယ်ရဲ့အရေးပါပုံ ရာမခမိန်ရဲ့အာဏာကြီးမားပုံ အကုန်လုံး ပြောပြလိုက်သည်။
" အဲဒါဆို တစ်ယောက်ကိုပဲ ကြင်ယာတော်မြောက်မယ်ဆိုတော့ နောက်တစ်ယောက်က ဘာဖြစ်မှာလဲ"
"ဒီအိမ်တော်ရဲ့ အထိန်းတော်ဖြစ်မလား အပျိုတော်ဖြစ်မလား မသိပါဘူး၊ အမတို့နှစ်ယောက် ဒီအိမ်ကို ရောက်လာတာပဲ တော်တယ်လို့ပြောရမယ်၊ မဟုတ်ရင်တော့ သူရကျော်ခေါင်ရဲ့အိမ်ကိုသာ ရောက်ပြီဆို မတွေးရဲလောက်စရာပဲ၊ ဒီက လူတိုင်း သူ့ကို ကြောက်ကြတယ်"
အပျိုတော်တွေ ပြောတဲ့စကားကို ပန်းသွေးပြာမေ ခပ်တွေတွေစဉ်းစားမိသည်။ နှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ကြင်ယာတော်ရွေးမယ်ဆိုတော့ ကျန်တဲ့တစ်ယောက်က သေချာပေါက် ဒီအိမ်ရဲ့အထိန်းတော် သို့မဟုတ် အခုသူမရှေ့က သူမနဲ့စကားပြောနေတဲ့ မိန်းမပျိုတွေလိုပဲ အပျိုတော် တွေလိုဖြစ်မှာပဲ။ ဒီမျိုးနွယ်စုရဲ့အာဏာအကြီးဆုံးဖြစ်တဲ့ ရာမခမိန်ရဲ့ ကြင်ယာတော်ဖြစ်ရင်တော့ သေချာပေါက် စည်းစိမ်ချမ်းသာတွေ ခံစားရဦးမှာ။ အရင်ကျွန်းပေါ်မှာလို လိုလေသေးမရှိ လှလှပပနဲ့နေရဦးမှာ။ အာဏာအကြီးဆုံးရဲ့မိန်းမဖြစ်ဦးမှာဆိုတော့ အခွင့်အလမ်းတွေအများကြီးရဦးမှာ ။ အဲလိုသာမဟုတ်ဘဲ အဲဒီအိမ်တော်ရဲ့အပျိုတော်လို နေရာမျိုးကို ရောက်သွားရင် ဘာစည်းစိမ်ချမ်းသာမှ ခံစားရတော့မှာမဟုတ်ဘဲ သူများတွေလို တန်းတူနေရတော့မှာ အဲလိုအဖြစ်မျိုး ပန်းသွေးပြာမေ မလိုချင်ဘူး။
Part-3🔞🚨🚨
Start from the beginning
