Part-3🔞🚨🚨

25.9K 69 1
                                        

အရှင့်ရဲ့ကျေးကျွန်-(Part -3)💋🚨🚨

အဲဒီလူသန်မာကြီးရဲ့အနမ်းကြမ်းတွေအောက်မှာ လူးလွန့်မလှုပ်သာ ဖြစ်သွားရသည်။ တစ်ခါမှဒီလိုခံစားချက်မျိုးမဖြစ်ဖူးဘူး။ နမ်းရှိုက်ရင်းနဲ့ သူ့ရဲ့လျှာက သူမအာခံတွင်းလေးထဲ တိုးထိ၍ ရောက်လို့လာခဲ့သည်။ နှုတ်ခမ်းလေးကို နမ်းလိုက် လျှာလေးနဲ့ စုပ်လိုက်နဲ့ ရူးရူးမူးမူးဖြစ်နေကြသည်။ ထိုစဉ်မှာ ခမိန်နှုတ်ခမ်းဆီက နာကျင်သွားတဲ့ ခံစားချက်ကြောင့် အသိဝင်လာတာနဲ့ အောက်နှုတ်ခမ်းကို သူမကိုက်ဖဲ့လိုက်ပြီဆိုတာ သိလိုက်သည်။ သွေးတွေစီးကျလာတာကိုသိရတော့မှ ကိုယ်လုံးချင်း ခွာလိုက်ကာ သွေးထွက်နေတဲ့ သူ့ရဲ့နှုတ်ခမ်းကို လက်နဲ့ စမ်းကြည့်၍..

" မင်းကတကယ့်ကိုအစွယ်ရှိတဲ့မိန်းကလေးပဲ"

ခမိန်နှုတ်ခမ်းရဲ့ သွေးတွေက သူမနှုတ်ခမ်းမှာလည်း အနည်းငယ်ရှိနေသည်။ သွေးတွေကို သုတ်ဖယ်ရင်း ခပ်ဟဟရယ်မောကာ နှုတ်ခမ်းချင်း ထပ်ဖိကပ်လိုက်သည်။ ခမိန်နှုတ်ခမ်းဆီက သွေးတွေက သူမပါးစပ်ထဲ စီးဝင်သွားလေသည်။ ထပ်မံနမ်းရှိုက်ခံလိုက်ရတဲ့ အနမ်းတွေကြောင့် လက်တွေနဲ့ သူ့ရင်ဘက်ကို ထုရိုက်ပြီး တားဆီးနေပြန်သည်။ အားသန်လွန်းတဲ့ သူ့ရဲ့အားတွေက တိုးမရောက်နိုင်ဘဲ သူ့ရဲ့အနမ်းကြမ်းတွေအောက်မှာ ထပ်မံကျရှုံးသွားပြန်သည်။ ဒုတိယတစ်ခေါက် နမ်းလိုက်တဲ့အချိန်ကတော့ သိပ်ကိုကြာသွားသည်။ 

💙💙💙

ဒီလိုအဖြစ်အပျက်တွေ ဖြစ်ပြီးနောက် ရာမခမိန်က သူတို့အဆောင်တော်ထဲကိုမပြောနဲ့ ခြေတလှမ်းတောင် မလာခဲ့သလို အရိပ်အ‌ယောင်ကိုတောင် မတွေ့ရတော့ပေ။ သူတို့လည်းသူတို့ကိစ္စနဲ့ အလုပ်ရှုပ်နေမှာပေါ့လေ။ သူတို့ညီမနှစ်ယောက်ကိုတော့ အဆောင်တော်ထဲမှာ လွတ်လပ်လပ်သွားလာခွင့် ပေးထားသည်။ ဒါပေမယ့် အိမ်တော်ပတ်ပတ်လည်လုံးကိုတော့ အစောင့်တွေအများကြီးနဲ့ ခြံရံထားသည်။ သူတို့ညီမနှစ်ယောက်ကို လုပ်ကျွေးပြုစုတဲ့အထိန်းတော်တွေ အပျိုတော်တွေများစွာ ရှိသည်။ 

ပန်းသွေးပြာမေ အဆောင်တော်ရဲ့အနောက်ဘက်ကိုသွားပြီး  အပျင်းပြေလမ်းလျှောက်ကစားနေသည်။ အိမ်‌တော်က အပျိုတော်လေးတွေကတော့ လုပ်စရာရှိတာလုပ် ထမင်းချက်တဲ့သူကချက် အချိုပွဲတွေပြင်ဆင်တဲ့သူကပြင်ဆင် သူအလုပ်နဲ့သူ ရှုပ်နေကြသည်။

အရှင့်ရဲ့ကျေးကျွန်🍼🔞🔞Where stories live. Discover now