လေတဖြူးဖြူးတိုက်ခတ်နေသည့် ရာသီဥတုမှာ
အသားအရည်ဝါဝင်းဝင်းနှင့် မြန်မာဝမ်းဆက်အဝါရောင်လေးကို ဝတ်လာတဲ့မမက လှပလွန်းစွာ
ကျောထိရှည်တဲ့ ဆံနွယ်နက်နက်ကို နောက်ဘက်သို့ စည်းပြီးချထားသည်
မျက်လုံးတစ်ဝက်လောက်ထိရှည်တဲ့ဆံမြိတ်လေးကို ရှေ့တွင်ချထားပြီး....
ပါးရဲ့ဘေးနှစ်ဖက်အောက်ထိကျနေသည့် နားသယ်စပ်နားမှ ဆံနွယ်လေးတွေက လေတိုက်တိုင်းယိမ်းနေသည်
နှာတံရှည်ရှည်လုံးလုံးလေးပေါ် မျက်မှန်ပန်းရောင်လေးရှိနေပုံက ချစ်ဖို့ကောင်းလွန်းစွာ
အဖုအထစ်တစ်စက်မှမရှိသည့် ပါးမို့မို့လေးများရယ်
အအေးခွက်ကို လက်လှမ်းလိုက်တိုင်း လှစ်ခနည်းပေါ်ပေါ်လာသည့် ခါးတိုရင်စိအင်္ကျီအောက်မှ ဗိုက်သားချပ်ချပ်လေးများကလည်း ကိုးကွယ်ချင်စရာ
ဟုတ်ပါသည် ဒီမမကို ဆွေးရိပ် ချစ်စကားတွေပြောလာခဲ့တာ ပထမနှစ်ကတည်းကဆိုရင် သုံးနှစ်မြောက်ရှိလာခဲ့ပါပြီ
ဆွေးရိပ်က ငယ်ကတည်းက Tomboy လိုနေလာခဲ့ပြီး ယခု Third yearမှာတော့ Transman လေး ဖြစ်နေပါပြီ
ဆွေးက WYTU မှာ IT Major ယူထားပြီး မမကတော့ ဆွေးထက် တစ်တန်းကြီးကာ Civil Major မှ ကွင်းဖြစ်သည်
ဆွေးကတော့ တစ်တန်းလုံးက ခပ်ကင်းကင်းနေကြသည့် ကင်းလေးပေါ့
မမကို လိုက်နေကြသည့်လူပေါင်းများစွာထဲကမှ မမက ကိုယ့်ကို စကားပြောချင်ပါတယ်ဆိုပြီး စနေနေ့မှာ စိမ်းလန်းစိုပြေ၌ ချိန်းလိုက်ခြင်းဖြစ်သည်
"တကယ် ဒီလိုနေနိုင်တာလား ဆွေး မမကတော့ ဆွေးနဲ့ ဘယ်တော့မှ Official တွဲမှာမဟုတ်ဘူးနော်"
လွန်ခဲ့တဲ့လက မမက ကိုယ့်ကို Messenger ကနေပြီး ကြိုပြောထားပြီးသား စကားတွေကို ထပ်မံမေးနေခြင်းပင်ဖြစ်သည်။
ဆွေးကိုယ်တိုင်က လက်ခံပါတယ် ပြောပြီးသား စကားတွေကိုပေါ့...
"နေနိုင်တာပေါ့ မမရယ် မမကသာ ဆွေးရဲ့အချစ်ကိုလက်ခံပေးပြီး အနားမှာနေခွင့်ပေးနေရင်ရပါပြီ အများကြီးမလိုချင်ဘူး"
YOU ARE READING
ချစ်လား..."မမ"
Teen Fictionဘယ်လိုနီးစပ်မှုတွေနဲ့ပဲ စခဲ့...စခဲ့ မနဲ့ပတ်သက်လာရင်တော့ မောင်ဟာ အချစ်နဲ့ပဲစပြီး အချစ်နဲ့ပဲဆုံးချင်တယ်
