The Great El Dorado (Episode-13) [FINALE]

2K 301 18
                                    

ထိုစဉ် ..................

တောင်ကုန်းပေါ်မှ နန်းတော်ဟု ထင်ရသော ချွန်ချွန်တက်တက် အဆောက်အအုံမှာ အရောင်များလက်လာသည်။

စစချင်း ငွေရောင် လက်နေရာ တဖြည်းဖြည်းနှင့် ရွှေရောင်များလက်လာသည်။

Yeol တို့လည်း မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ ပါးစပ်မှလည်း အံ့သြမှု အာမေဋိတ်များ ထွက်ပေါ်လာသည်။

Yeol : Wow!

Hun : Wor!!!

နန်းတော်ကြီး။ အလွန်ခမ်းနားသော El Dorado Palace အဆောက်အအုံကြီးသည် အသက်ဝင်လာခဲ့ချေပြီ။

========================

Kai : ဟာ မဖြစ်ဘူး။ Hun တို့အတွက် အန္တရာယ်များတယ်

Suho : ဟုတ်တယ်။ မြန်မြန် သွားတားမှ ဖြစ်မယ်။

D.O : သွားစို့

...
...
...
...
...
...
...
...
...
...
...
...
...
...
...
...

ကျောက်စာတွင် ပါသည့် ညွှန်ကြားချက်အတိုင်း သူတို့ လျှောက်လှမ်းလာခဲ့ကြသည်။

နောက်ဆုံးတွင် မြို့ရိုးအနောက်မုခ် ဟု ထင်ရသော အုတ်ပုံမြင့်ဟောင်းများ ကို တွေ့ရသည်။

မြို့ရိုးဖွဲ့စည်းပုံမှာ ဂရိတို့၏ပုံစံနှင့် အနည်းငယ်ဆင်တူလှသည်။ ကျောင်ဆောင် ကျောက်တိုင်များ ကို တစ်ခုနှင့်တစ်ခု တွယ်ဆက်ထားပြီး နွယ်ပင်သွယ်သွယ်များကို တွယ်ဆက် ရှက်သွယ် စိုက်ပျိုးထားသည်။

လက်မှုလက်ရာများမှာ ပျက်စီးလုနီးနီး ရှိနေသည်။

မြို့ရိုးနံရံများတွင် ထူးဆန်းသော စာသားများကိုလည်း တွေ့ရသည်။

မုခ်မှ တောင်ကုန်းတစ်ခုကို လှမ်းမြင်ရသည်။ ထိုတောင်ကုန်းသို့ မုခ်မှ လမ်းသွယ်ထားသည်။

El Dorado မြို့ဟောင်းကြီး၏ ပြိုပျက်နေသော အုတ်ပုံများက မြို့တော်၏ အတိတ်ကို ဖော်ကျူးနေပေသည်။

သစ်ခြောက်ပင်များက Xiumin တို့အား စောင့်ကြည့်နေသယောင်ယောင် ......

သူတို့ တောင်ခြေသို့ရောက်သွားစဉ်

ဒေါင်...

The Great El DoradoWhere stories live. Discover now