The Great El Dorado (Episode-12)

Start from the beginning
                                    

Yeol တို့လည်း မြက်ရိုင်းများတစ်လျှောက် ဖြတ်၍ လျှောက်လာသည်။

မြတ်ရိုင်းအတွင်း လျှောက်လာရင်း တောင်တန်းများကို ငေးကြည့်နေမိသည်။

မြက်ရိုင်းတောအဆုံး၌မူ သစ်တောတစ်တောကို ဝင်ရသည်။

တောကြီးမျက်မည်းသည် ကြောက်ခမန်းလိလိပင်ဖြစ်သည်။ သစ်ပင်ချုံနွယ်ပိတ်ပေါင်း ထူသောကြောင့် တစ်တောလုံးသည် မှောင်နေသည်။

Tao က နာရီ ထုတ်ကြည့်လိုက်သည်။

အချိန်ကား 17 : 12 PM ညနေ ၅ နာရီ ကျော်ပြီဖြစ်သည်။

မကြာမီ အမှောင်ထု ကြီးစိုးချေတော့မည်။

သို့ဖြစ်၍ Yeol တို့လည်း မမှောင်ခင် တောကို ဖြတ်ရန် တောထဲသို့ အမြန်ဝင်ခဲ့သည်။

တောအစ လမ်းတစ်လျှောက်တွင် ထင်းရှူးပင်များက သွယ်နွယ်အုပ်ဆိုင်းလျက် ရှိသည်။

တောလေတိုးသံကြောင့် သစ်ရွက်များ ယိမ်းနွဲ့လှုပ်ရှားသံများက တစ်ရံမလပ် လွင့်ပျံလာသည်

ဆည်းဆာနေခြည် ဖျော့ဖျော့လေးက ချုံနွယ်သစ်ပင်များကို အစွမ်းကုန်ထိုးဖောက်ကာ အလင်းပေးနေဆဲ ...။

တစ်ဦးလက်ကို တစ်ဦး တင်းတင်း ဆုပ်ကိုင်လျက် ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

တစ်နေရာအရောက် .........

တောအလယ်ဟု ထင်ရသည့် နေရာတစ်နေရာ

ဘေးပတ်ပတ်လည်တွင် သစ်ပင်ကြီးများက ဝန်းရံထားသည်။

ထိုစဉ် ...

ထူးဆန်းသော အသံတစ်သံက သူတို့ အနီးသို့ ချဉ်းကပ်လာသည်။ အသံကား ကျယ်လောင်စူးရှ လှသည်။

Yeol တို့လည်း အလန့်တကြား ပတ်ဝန်းကျင်ကို တစ်ပတ်လှည့်ကြည့်လိုက်သည်။

တွေ့ပြီ။

တော၏ ထွက်ပေါက်ကို သူတို့ တွေ့ပြီ ဖြသ်သည်။

တောအလယ်မှ မြောက်ဘက် တည့်တည့်တွင် အလင်းရောင်များ လက်နေသည်။

သူတို့လည်း အချိန်မဆိုင်းဘဲ။

ထွက်ပေါက်သို့ ပြေးကာ တောကို နှုတ်ဆက်ခဲ့ကြသည်။

ထွက်ပေါက်မှ အတန်ငယ်သွားမိသော် အုတ်ပုံကြီးတစ်ခုနှင့် မုခ်ဟု ယူဆရသော ပျက်စီးလုနီးနီး တိုက်ကြီးတစ်တိုင်ကို တွေ့ရသည်။

အချိန်ကား 8 : 27 PM

အမှောင်ဖုံး၍ ကောင်းကင်သည် မည်းမှောင်လျက်ရှိသည်။

Yeol က မုခ်မှ ရေညှိဖက်များကို ခွာကာ မုခ်ရှိ စာတန်းကို ဖော်ကြည့်လိုက်သည်။

Yeol : OMG!!! Sehun ya Tao ya Kris ya မြန်မြန် လာကြ

Hun : ဘာလဲ Yeol

Yeol : ဒီမှာ ဖတ်ကြည့်လိုက်

Kris : Oh!!!!!!
!
!
!
!
!
!
!
!
!
!
!
!
!
!
!
!
!
!
!
(အမလေး မောထှာ)

THE GREAT EL DORADO PALACE တဲ့

Tao : Wow! တကယ်ပဲ

Hun : Yehet"!!!"

Yeol : ဒါဆို သေချာပြီ ဟို တောင်ကုန်းပေါ်က ချွန်ချွန်တက်တက် ကြီးက နန်းတော်ဆောင် ဖြစ်ရမယ်

Kris : အေး သွားကြည့်ရအောင်

ထိုစဉ် ...............

ဒေါင် ...

ဒေါင် ...

ဒေါင် ...

ဒေါင် ...

ဒေါင် ...

ဒေါင် ...

ဒေါင် ...

ဒေါင် ...

ဒေါင် ...

နာရီမြည်သံပါ။

ဘယ်နေရာမှ ထွက်ပေါ်လာသည် သေချာမသိပါ။ သို့သော် Yeol အချက် ရေထားသည်။

ကိုး ချက် ......... တိ တိ

Yeol : Tao ya နာရီ ထုတ်ကြည့်လိုက်

Tao က နာရီ ထုတ်လိုက်သည်။

ဟာ 9 နာရီ ထိုးပြီ

Kris : ဒီနေ့ ဘယ်နှရက်လဲ သိလား

Sehun : ခဏ .............................................................................................................................. အော် ရပြီ 9 ရက် 9 လ

"9 ရက် 9 လ။ 9 နာရီ တိတိ"

ထိုစဉ်

ကောင်းကင်မှ ကြယ်ပွင့်လေးများ စတင်ကြွေကျလာသည်။

ရုတ်တရက် .....................

[ To Be Continued ]

တန်းလန်းထားခဲ့မယ်နော် စိတ်မဆိုးနဲ့ နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါပြီ

Vitamin Vote & Fb လေးများ မစပါဦး

90° Bow

SEASON-2 ရေးဖို့စဉ်းစားထားတယ် ရေးရမလား ပြောပါဦး :-) :-D

The Great El DoradoWhere stories live. Discover now