Never click suspicious links
Reminder: Wattpad will never ask for passwords, payment information, or other sensitive account security details.

Part-1

8K 157 2
                                        

အချိန်တွေရာသီတွေပြောင်းလာခဲ့တာအထက်တန်းကျောင်းသူဘဝတောင်ရောက်ရှိတော့မည် သစ်ရွက်လေးတွေကြွေကျနေတာကိုထိုင်ကြည့်နေခဲ့မိသည်မှာ၁နာရီကျော်လေပြီ ထိုင်ကြည့်နေရင်းအတွေးတစ်ခုဝင်လာသည် လူကြီးတွေကပြောဖူးသည်ဆယ်ကျော်သက်အရွယ်တွေကသစ်ရွက်ကြွေတာမြင်ရင်တောင်ရင်ခုန်တတ်သည်လို့ပြောကြသည် ဒါ့ကြောင့်လည်းထိုင်ကြည့်နေမိခြင်းဖြစ်သည်။ သူတို့ပြောသလောက်လည်းရင်ခုန်ဖို့မကောင်းဘူးဟုအကြိမ်ကြိမ်ပြောနေသူမှာ လင်းကဗျာနွယ်။
နက်မှောင်ပြီးဂုတ်ထောက်ဆံပင်လေးကိုအမြဲစီးထားလေ့ရှိသည် တရုတ်စပ်ဖြစ်တာကြောင့်မျက်လုံးမှေးမှေးအသားဖြူဖြူလေးဖြစ်သည်
စာကြိုးစားပြီးရည်းစားကိစ္စအရှုပ်အရှင်းလည်းကင်းသည်။ သူမအဖေကတော့ဆန်စက်ပွဲရုံပိုင်ရှင်သူဌေးကြီးဖြစ်ပြီးအမေကတော့ပိုးထည်တိုက် ပိုင်ရှင်ဖြစ်သည်။ တစ်ဦးတည်းသောသမီးဖြစ်သောကြောင့်အရာရာကိုသူသာဦးစားပေးလိုချင်သည်။လင်းမှာငယ်သူငယ်ချင်းတစ်ယောက်ရှိသည် သူ့နာမည်မှာနှင်းဆုရတီပင်ဖြစ်သည် ပေါင်းလာတာကြာပြီဖြစ်တာကြောင့်လင်းကဗျာနွယ်နဲ့ပတ်သက်တာအကုန်သိပြီးအမြဲအလျော့ပေးရသူလည်းဖြစ်သည်
~~~~~~~
"လင်းရေ မားမားဆီခဏလာခဲ့အုံး"
လင်းခြံထဲကနေမားမားဆီအပြေးလေးသွားမိသည်
"ဘာလို့လဲမားမား"
"သမီးတီတီကသူ့သူငယ်ချင်းတွေနဲ့ကမ်းခြေသွားမလို့ သမီးကိုခေါ်နေတယ်"
"လိုက်ချင်ပေမဲ့ဖြစ်ပါ့မလား"
"ဘာတွေစိတ်ပူနေတာတုန်း"
"သူ့သူငယ်ချင်းတွေနဲ့မှမသိတာကိုး"
"သမီးတီတီတစ်ယောက်လုံးပါတာကို မကြောက်နဲ့လိုက်သွားလိုက်နော် နောက်နှစ်သမီးကျူရှင်တက်ရမဲ့ဆရာမလည်းပါတယ်"
"အော်ဟုတ်ကဲ့မားမား ဘယ်တော့လဲ"
"မနက်ဖြန်"
"မြန်လိုက်တာ အဲ့တာဆိုအဝတ်အစားတွေသွားထည့်လိုက်အုံးမယ်"
"ဟုတ်ပြီဟုတ်ပြီသမီးလေး"

တစ်ဖက်တွင်လည်း
"လိုက်ခဲ့စမ်းပါမြတ်ရာ"
"တို့အဲ့တာတွေဝါသနာမပါဘူး"
"တို့တွေအကုန်သွားကြမှာ ယူကကျန်ခဲ့မှာလား"
"ကဲ လိုက်ခဲ့မယ်ရပြီလား"
"အဲ့လိုလုပ်ပါ ပျော်စရာခရီးကိုမဖျက်ပါနဲ့ကွာ"
"ဟုတ်ကဲ့ပါရှင်"

"ချစ်လှစွာသောမောင့်ဇနီးလေး"Stories to obsess over. Discover now