အချိန်တွေရာသီတွေပြောင်းလာခဲ့တာအထက်တန်းကျောင်းသူဘဝတောင်ရောက်ရှိတော့မည် သစ်ရွက်လေးတွေကြွေကျနေတာကိုထိုင်ကြည့်နေခဲ့မိသည်မှာ၁နာရီကျော်လေပြီ ထိုင်ကြည့်နေရင်းအတွေးတစ်ခုဝင်လာသည် လူကြီးတွေကပြောဖူးသည်ဆယ်ကျော်သက်အရွယ်တွေကသစ်ရွက်ကြွေတာမြင်ရင်တောင်ရင်ခုန်တတ်သည်လို့ပြောကြသည် ဒါ့ကြောင့်လည်းထိုင်ကြည့်နေမိခြင်းဖြစ်သည်။ သူတို့ပြောသလောက်လည်းရင်ခုန်ဖို့မကောင်းဘူးဟုအကြိမ်ကြိမ်ပြောနေသူမှာ လင်းကဗျာနွယ်။
နက်မှောင်ပြီးဂုတ်ထောက်ဆံပင်လေးကိုအမြဲစီးထားလေ့ရှိသည် တရုတ်စပ်ဖြစ်တာကြောင့်မျက်လုံးမှေးမှေးအသားဖြူဖြူလေးဖြစ်သည်
စာကြိုးစားပြီးရည်းစားကိစ္စအရှုပ်အရှင်းလည်းကင်းသည်။ သူမအဖေကတော့ဆန်စက်ပွဲရုံပိုင်ရှင်သူဌေးကြီးဖြစ်ပြီးအမေကတော့ပိုးထည်တိုက် ပိုင်ရှင်ဖြစ်သည်။ တစ်ဦးတည်းသောသမီးဖြစ်သောကြောင့်အရာရာကိုသူသာဦးစားပေးလိုချင်သည်။လင်းမှာငယ်သူငယ်ချင်းတစ်ယောက်ရှိသည် သူ့နာမည်မှာနှင်းဆုရတီပင်ဖြစ်သည် ပေါင်းလာတာကြာပြီဖြစ်တာကြောင့်လင်းကဗျာနွယ်နဲ့ပတ်သက်တာအကုန်သိပြီးအမြဲအလျော့ပေးရသူလည်းဖြစ်သည်
~~~~~~~
"လင်းရေ မားမားဆီခဏလာခဲ့အုံး"
လင်းခြံထဲကနေမားမားဆီအပြေးလေးသွားမိသည်
"ဘာလို့လဲမားမား"
"သမီးတီတီကသူ့သူငယ်ချင်းတွေနဲ့ကမ်းခြေသွားမလို့ သမီးကိုခေါ်နေတယ်"
"လိုက်ချင်ပေမဲ့ဖြစ်ပါ့မလား"
"ဘာတွေစိတ်ပူနေတာတုန်း"
"သူ့သူငယ်ချင်းတွေနဲ့မှမသိတာကိုး"
"သမီးတီတီတစ်ယောက်လုံးပါတာကို မကြောက်နဲ့လိုက်သွားလိုက်နော် နောက်နှစ်သမီးကျူရှင်တက်ရမဲ့ဆရာမလည်းပါတယ်"
"အော်ဟုတ်ကဲ့မားမား ဘယ်တော့လဲ"
"မနက်ဖြန်"
"မြန်လိုက်တာ အဲ့တာဆိုအဝတ်အစားတွေသွားထည့်လိုက်အုံးမယ်"
"ဟုတ်ပြီဟုတ်ပြီသမီးလေး"
တစ်ဖက်တွင်လည်း
"လိုက်ခဲ့စမ်းပါမြတ်ရာ"
"တို့အဲ့တာတွေဝါသနာမပါဘူး"
"တို့တွေအကုန်သွားကြမှာ ယူကကျန်ခဲ့မှာလား"
"ကဲ လိုက်ခဲ့မယ်ရပြီလား"
"အဲ့လိုလုပ်ပါ ပျော်စရာခရီးကိုမဖျက်ပါနဲ့ကွာ"
"ဟုတ်ကဲ့ပါရှင်"
