" ဟို ဟို... ဘယ်သူ... "
" အလုပ်လာစပ်တယ်လည်းပြောတယ် နာမည်ပဲကြားဖူးပြီး လူတောင်မမြင်ဖူးဘဲ ဘာကိုယုံပြီး လာရဲတာလဲ "
" ကျွန်တော့်အမှားပါ... တစ်ခေါက်လောက်တော့ ကြည့်ပေး... "
" ဟင့်အင်း... ပြန်လို့ရပြီ "
ထို့နောက် အတွင်းရေးမှူးအား လှမ်းဆက်သွယ်လိုက်ပြီး ဧည့်သည်ပြန်မယ်ဟု သတင်းပေးလိုက်သည်။ ဆေးကုမ္ပဏီသူဌေးမှာ ကောင်းကောင်းမပြန်ချင်ဘဲ ပါးစပ်ထဲရှိရာ ယုတ်ညံ့စွာပြောတော့၏။
" ငါ-ိုးပဲ အခြောက်တွေကများ နေပေါ့ မင်းတို့နဲ့မလုပ်ရလည်း ဘာအရေးလဲ ဟွန့် မင်းတို့ကို ငါ(ချ)ပေးလိုက်ဦးမယ် "
ဂျောင်ဂုက ဘာမှခွန်းတုံ့မပြန်ဘဲ ရုံးခန်းသို့ဝင်လာသော အတွင်းရေးမှူးအား ဧည့်သည်များအား စော်ကားပြောဆိုမှုများအတွက် တရားစွဲချင်ပါကြောင်းပြောလိုက်သည်။
သမီးဖြစ်သူမှာ အတော်လေးလန့်သွားပြီး မင်းသမီးဖြစ်ချင်နေသူမို့ တရားရေးရာနှင့်မပတ်သက်ချင်ပေ။ ဖခင်ဖြစ်သူအား ငိုယိုပြီးဆူပူနေတော့သည်။
" အတွင်းရေးမှူးရှင်းရေ... နားတွေအရမ်းငြီးနေပြီလေ ကြည့်ကောင်းနေတာလား "
" တောင်းပန်ပါတယ် ဥက္ကဌဂျွန်...
မြန်မြန်ထွက်ပေးပါရှင် ကျွန်မအလုပ်ပြုတ်တော့မယ် ရှင်တို့လုပ်တာ "
အကုန်ထွက်သွားပြီးနောက် ဘယ်အချိန်က တံခါးနောက်ရောက်နေမှန်းမသိသည့်ဂျီမင်းက တံခါးကိုလော့ချလိုက်သည်။
" မြေခွေးလေး ကိုယ့်ထောင်ချောက်ကိုယ်မိမယ်နော် အခု မနက်ဆယ်နာရီပဲရှိသေးတယ် ညနေငါးနာရီမှရုံးဆင်းနိုင်လား "
" ဘာတွေတွေးနေတာလဲ ဥက္ကဌဂျွန်ခင်ဗျ... ကျွန်တော်ကတော့ ကျွန်တော့်ကိုပစ်ထားတဲ့ချစ်သူကို အပြစ်ပေးမလို့ပါနော် "
" ဟုတ်လား... ဘယ်လိုအပြစ်ပေးမှာလဲ လုပ်ပါဦး "
ဂျီမင်း ဦးရဲ့ကြယ်သီးနှစ်လုံးဖြုတ်ထားသည့် အင်္ကျီစအားဆွဲယူလိုက်သည်။
YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 15 💌 ( END )
Start from the beginning
