💌 15 💌 ( END )

Start from the beginning
                                        

တမင်သက်သက်ဆွနေတာ သိသာသော်လည်း လိုတာမရသေးသည်မို့ သားအဖနှစ်ယောက် အီလည်လည်နှင့်သာ ပြုံးပြရပြန်သည်။

ထိုအချိန် တံခါးဖွင့်သံကြားသည်မို့ အားလုံးလှည့်ကြည့်လိုက်တော့ ဘော်ဒီခပ်တောင့်တောင့်နှင့် Suit အပြည့်ဝတ်ထားသူတစ်ယောက်ဝင်လာခဲ့သည်။ မျက်နှာကတော့ အတော်လေးချောသော်လည်း မျက်ခုံးတန်းများအား စုကြုံ့ထားပြီး သူတို့ကို တစ်ချက်တောင် ဝေ့မကြည့်လာခဲ့။

" ချာတိတ် ကိုယ်မရှိတုန်း မွှေနေတယ်ပေါ့ "

မျက်နှာထားတင်းသော်လည်း လေသံမှာပျော့ပြောင်းနေပြီး ကောင်ချောလေးမျက်နှားနားအထိတိုးကပ်ပြီး ခြိမ်းခြောက်သည့်အကြည့်တွေဖြင့် နဖူးချင်းဆိုင်ကြည့်နေသည်။

အချင်းချင်းထများထိုးကြတော့မလားဟုတွေးကာ သားအဖနှစ်ယောက်မှာ ထွက်ပဲသွားရမလား ဆက်ထိုင်ရမလားမသိဖြစ်ကာ ဖင်တကြွကြွရှိနေတော့သည်။ ကြည့်နေရင်း သူတို့မထင်ထားတာကို လုပ်လိုက်ကြတာကြောင့် နှစ်ယောက်လုံး မျက်လုံးအပြူးသား။

သူတို့နှစ်ယောက်ထိုးတော့ထိုးကြသည်။ သို့ပေမယ့် နှုတ်ခမ်းနဲ့ ။

" ဘာလို့လာမွှေနေတာလဲ ပြော "

" ဦးမှ ပစ်ထားတာကိုး! "

" ကောင်လေးကသာ မအားဘဲ ကိုယ့်ကို ပစ်ထားတာလေ "

" အဟမ်း အဟမ်း "

အမျိုးသားနှစ်ယောက်ချစ်ကြည်နူးနေသည်ကို ဆက်မကြည့်နိုင်တော့တာကြောင့် ဆေးကုမ္ပဏိသူဌေးချောင်းဟန့်လိုက်သည်။ သို့သော် နှစ်ယောက်လုံးလှည့်ကြည့်လာသည့်အကြည့်ကြောင့် သူနောင်တရသွားသည်။

" သူတို့ကို အရင်းရှင်းလိုက်ဦး အထဲကစောင့်မယ် "

" မသွားရဘူး ထိုင်နေ... ခဏလေးပဲ ကိုယ့်ကိုစောင့် "

ပြောလိုက်ပြီး ဧည့်သည်တွေနဲ့မျက်နှာချင်းဆိုင်ရှိ လွတ်နေသည့်ဆိုဖာတွင်ဝင်ထိုက်သည်။

ဦးWhere stories live. Discover now