💌 15 💌 ( END )

Comenzar desde el principio
                                        

" အတွင်းရေးမှူးရှင်း... ရှိနေသေးလား "

" ဟုတ်ကဲ့ "

ထို့နောက် တံခါးဖွင့်လိုက်ပြီး ဆေးကုမ္ပဏီသူဌေးနှင့်သမီးဖြစ်သူအား ဝင်စေလိုက်သည်။

ဧည့်သည်များအား အထဲဝင်စေပြီးအပြန် အတွင်းရေးမှူးလေးမှာ သူ့အား သနားညှာတာရန် တောင်းပန်အကြည့်တို့ဖြင့် ကြည့်သွားသည်ကိုတော့ ဂျီမင်းမှလွဲ၍ မည်သူမှမသိလိုက်ကြ။ ဂျီမင်းလည်း လက်ခံကြောင်း ခေါင်းအသာပြန်ငြိမ့်ပြလိုက်သည်။

" ထိုင်ကြပါဗျ "

" မင်္ဂလာပါ ဥက္ကဌဂျွန်ဂျောင်ဂုဗျ "

တစ်ဖက်သူဌေးမှာ ဦးကို အပြင်မှာမြင်ဖူးပုံမရပါ။ ဦးက မီဒီယာတွေမှာလည်း သိပ်ပေါ်လွင်အောင်နေတတ်သူမဟုတ်တာကြောင့် မမြင်ဖူးတာ သူ့အပြစ်လည်းဟုတ်မနေခဲ့ပေ။ ဂျီမင်းငြင်းချင်သော်လည်း အနောက်မှပါလာသော သူဌေးသမီး၏အကြည့်တို့ကြောင့် စိတ်ဝင်စားစရာလေးတစ်ခုလုပ်ရန် အတွေးပေါ်လာတော့သည်။

" ဥက္ကဌက ငယ်ငယ်ချောချောလေးပဲဗျာ... "

" ဟုတ်ကဲ့ ကိုယ့်ဟာကိုယ်သိပါတယ် "

တုန့်ပြန်စကားကြောင့် ဆေးကုမ္ပဏီသူဌေးခမျာ အင်တင်တင်ဖြင့် ပြုံးပြလာသည်။ ထိုအချိန် သမီးဖြစ်သူမှာ ပါးစပ်ကို လက်ဖြင့်အသာအုပ်လျက် တခစ်ခစ်ရယ်လျက် ပြောလာသည်။

" ဥက္ကဌက ဟာသဉာဏ်ရွှင်တာပဲနော် "

" ကျွန်တော်ချောတာ ဟာသဖြစ်နေလို့လား အဒေါ်ကြီးခင်ဗျာ "

အဖေဖြစ်သူထပ် ပိုပြီးနင်သွားခဲ့ရသည်။ ဘယ်လိုပဲကြည့်ကြည့် သူ့ထက်မကြီးရင်တောင် ရွယ်တူမှန်းသိသာလှသော်လည်း ဥက္ကဌဂျွန်ဆိုသူမှာ တစ်ချက်မစဉ်းစားဘဲ သူ့အား အဒေါ်ကြီးဟုခေါ်လာခဲ့သည်။

" အော... ဆောရီးနော် သူစိမ်းအမျိုးသမီးတွေကို အဒေါ်ကြီးလို့ပဲခေါ်တတ်တာ အကျင့်ဖြစ်နေလို့ နားလည်ပေးပါဦးနော် "

ဦးDonde viven las historias. Descúbrelo ahora