" သဘောလေ.. ငါလည်း နင်တို့ရှိတော့ မပျင်းရတော့ဘူးပေါ့ "
" အိုခေ နင်အကောင်းဆုံးပဲ "
အစ်မကြီးပက်သည် ရှေ့ကသူ့မောင်နှင့် သူ့မောင်၏ရည်းစားဆိုသူကို ကြောင်ကြည့်နေမိသည်။ ကင်ထယ်ယောင်းမှာ အိမ်ထဲဝင်ပြီး ခွင့်ပြုချက်တောင်းပြီးသည်နှင့် ချက်ချင်း အိမ်အပြင်မှာစောင့်နေသည့် သူ့ရည်းစားအား ဆွဲခေါ်လာတာကြောင့် အစ်မကြီးပက် ဆွံ့အနေခဲ့သည်။
" ကျွန်တော် မင်ယွန်းဂီပါ "
အစ်မကြီးပက်သည် ခေါင်းငြိမ့်အသိအမှတ်ပြုလိုက်ပြီး သူ၏ဂုတ်ပိုးကို နှိပ်ကာ သွေးတက်လိုက်တာဟု တတွတ်တွတ်ရွတ်ပြီး ထွက်သွားတော့သည်။
" ဟျောင်းကလည်း ဘာလို့ တောင့်တောင့်ကြီးနှုတ်ဆက်တာလဲ "
" မတောင့်ပါဘူး ခေါင်းငုံ့ပြီး လူလည်း နည်းနည်းကိုင်းလိုက်ပါတယ် "
" ပြောင်ချင်နောက်ချင် လှည့်ပြန်လိုက်တော့နော် "
" ထယ်ယောင်းကလည်း... ကိုယ်က ချစ်လို့စတာကို... "
ပက်အိမ်ထဲတွင် တစ်ခန်းမှာ အမျိုးသမီးတစ်ယောက် ရှူဆေးရှူနေရပြီး နောက်တစ်ခန်းမှာတော့ အမျိုးသားနှစ်ယောက် တီးတိုးစကားပြောလိုက် ရယ်သံခပ်တိုးတိုးတို့ထွက်လာလိုက်နှင့် ဆန့်ကျင်ဘက်ကမ္ဘာနှစ်ခုကဲ့သို့။
ယွန်းဂီဟျောင်းက ဟင်းချက်တော်တာကြောင့် မမအား တောင်းပန်ပြီးရင်းနှီးမှုယူရန်ဟုဆိုကာ မနက်စောစောထပြီး ချက်ပြုတ်နေသည်။ တစ်ယောက်တည်းလုပ်နေပေမယ့် သူ့အားထိုင်ကြည့်ပါဆိုကာ ထယ်ယောင်းကိုလည်း စောစောထစေသည်။ သူ့ကြည့်နေလို့ အိပ်ရေးဝမှာမှမဟုတ်တာ။ ဧည့်ခန်းမှ နောက်မှီခေါင်းအုံးကိုယူပြီး ထမင်းစား စားပွဲတွင် ထယ်ယောင်းအိပ်နေလိုက်သည်။
" ဟဲ့..ကောင်လေး မင်ညွန်ဂီ စောစီး ဘာတွေလုပ်နေတာလဲ ဒီကောင်လေးထယ်ယောင်းကရော ဘာလို့ ဒီမှာအိပ်နေရတာလဲ "
YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 14 💌
Start from the beginning
