" မကြီးမငယ်နဲ့... ခုမှရည်းစားထားဖူးသလိုနဲ့ ဘယ်လိုဖြစ်နေတာလဲဗျာ... ဝယ်ရပြုရတာ ရှေ့မရောက်ဘူး စိတ်တိုတော့မယ်နော် "

အပြစ်သိသွားသလားမပြောတတ်၊ ခါးပေါ်ကလက်ကိုပါ ဖယ်သွားသည်။

လိုအပ်တာအကုန်ဝယ်ပြီးသည့်အခါ ကိုယ်တိုင်ရှင်းစနစ်မို့ ဂျီမင်းကပစ္စည်းတွေကို scan လိုက်သည်။ ထို့နောက် ကျသင့်ငွေအား တက်တူးအပြည့်နှင့်လက်တစ်ဖက်က အမဲရောင်ကတ်ကြီးနှင့် ရှင်းပေးသည်။ ပစ္စည်းထုတ်များကိုလည်း တက်တူးလက်ကြီးကပဲ ဆွဲယူသယ်သွားသည်။ ခေါင်းအပြာကြီး စိတ်ကောက်သွားကြောင်း တစ်လမ်းလုံးစကားမပြောခြင်းဖြင့် ဖော်ပြနေတော့သည်။ ကားပေါ်ကဆင်းသည်နှင့် တာဝန်မှာ သေချာပေါက်ကို ချော့ရမည့်တာဝန်ပင်။
~<~>~
" မမ ဂျီမင်းရော "

" နင့်တူ သူ့ဘဲနဲ့ ခရီးထွက်သွားတယ် "

ယွန်းဂီဟျောင်းနဲ့ပဲ အချိန်တွေကုန်နေခဲ့တာ အိမ်တောင် နေ့မှန်အောင်မပြန်ဖြစ်တော့တာကြောင့် တူဖြစ်သူ ဘယ်ချိန်လွင့်သွားလဲ မသိလိုက်။

" နင်ကရော ရည်းစားရပြီးကတည်းက အိမ်ကိုတောင် ပြန်မကြွလာတော့ဘူး ဟူး... ငါ့ဘဝလောက် သနားစရာမရှိတော့ဘူး။ သားရော မောင်ရော ဘဲထိပ်တင်ရှိခိုးတွေ "

" ဂျီမင်းဘယ်သွားလဲမသိပေမယ့် ဘဏ်ကတ်ပေးထားခဲ့လို့ မမသူငယ်ချင်းတွေနဲ့ နေ့တိုင်းလည်ပတ်ပြီး ညနေမှပြန်လာတာကိုတော့ သိတယ်နော် "

" အခေါက်မခံရတာကြာလို့လား မောင်လေး... လာလေ ငါ့လက်တွေတောင် ယားလာသလိုပဲ "

သားရော မောင်ရောမရှိတာကြောင့် ညတွေဆို အထီးကျန်နေခဲ့တာတော့ မလိမ်နိုင်ပေ။ သို့ပေမယ့်လည်း သူ့အရွယ်နဲ့သူ ဖြစ်သင့်တာလေးလုပ်ပေးရမှာဆိုတော့ ဒါတွေက တစ်ချိန် ကြုံရမယ့်ကိစ္စတွေချည်းမို့ မညည်းသာခဲ့ပါ။

ထယ်ယောင်းလည်း မမရဲ့ခံစားချက်ကိုနားလည်သည်။

" မမ ငါ့ကောင်လေးကိုခေါ်ပြီး ဒီမှာနေမလို့... အဲ့ဒါ ခွင့်ပြုလား "

ဦးDonde viven las historias. Descúbrelo ahora