intro

244 9 0
                                        

ငါဘာကြောင့်ဒါတွေလုပ်နေရတာလဲ
ငါဘယ်သူ့အတွက် ဒါတွေလုပ်နေရတာလဲ
ပြန်စဥ်းစားကြည့်ရင် ငါက ဘာမှရေရေရာရာမရှိနေတဲ့ဖြစ်တည်မှု့တစ်ခုသာသာပဲ။

ငါကပါ့ခ်ဂျီမင်း။ ငါကဒီညစ်ထေးစုတ်ပြက်နေတဲ့ အကျင့်ပျက်နိုင်ငံတော်ကြီးမှာ မွေးဖွားလာခဲ့တဲ့လူတစ်ယောက်။

ငါကအသက်၂၀အရွယ်လူငယ်လေးတစ်ယောက်။နောက်ပြီး စစ်သားတစ်ယောက်။

ငါကအသက်၁၄နှစ်ကတည်းကစစ်ပွဲကြား ရှင်သန်နေသေးတဲ့လူတစ်ယောက်။

ငါဘယ်အချိန်သေမလဲဆိုတဲ့အတွေးတွေတောင် စောစောစီးစီးစွန့်လွှတ်ခဲ့ရတဲ့လူတစ်ယောက်။

ငါငယ်သေးတယ်။ဒါပေမယ့်စစ်ပွဲပေါင်းများစွာကြားထဲ ရှင်သန်ခဲ့ရတဲ့ငါက အသက်သာငယ်မယ် ငါ့စိတ်တွေက တန်းတူရွယ်တူတွေထက်အများကြီးရင့်ကျက်ခဲ့တယ်။

ဟုတ်တယ် ငါကဒီနိုင်ငံတော်ကြီးကို ခြယ်လှယ်ချင်တဲ့လူတစ်ယောက်ဆိုလည်းမမှားဘူး။

ငါဖြစ်ချင်တာ စစ်သားတစ်ယောက်မဟုတ်ဘူး စစ်ဗိုလ်တစ်ယောက်မဟုတ်ဘူး။
ငါဖြစ်ချင်တာ စစ်ပွဲတွေကင်းရှင်းနေတဲ့နေရာမှာ ရှိနေရမယ့် သာမာန်လယ်သမားမဟုတ်ဘူး
ယုတ်စွအဆုံးငါဖြစ်ချင်တာ ဒီကရာထူးကြီးကြီး ဝန်ကြီးတောင်မဟုတ်ဘူး။

ငါဖြစ်ချင်တာ ဒီနိုင်ငံရဲ့ဘုရင် ဒီနိုင်ငံရဲ့သမ္မတ။

ငါကဘုရင်ဖြစ်ဖို့မွေးဖွားလာတာ။
ငါ ဘုရင်ဖြစ်အောင်ဒီနေ့ ဒီအချိန်က ဒီဖြစ်ရပ်တွေကိုသေချာမှတ်ထားနိုင်မှဖြစ်မယ်။

ဖရိုဖရဲစစ်ဝတ်စုံတွေဟာ လောလောလတ်လတ်ဝတ်ထားသည်ကြောင့် ကြယ်သီးအပြည့်တောင်မတပ်ရသေးဘဲ စစ်ဖိနပ်တွေဟာ ဟိုတခြားဒီတခြား

မြေပြင်ပေါ်က အရောင်တလက်လက်နဲ့ဖန်ကွဲစကိုကောက်ယူလိုက်သည်။

တဲထိုးထားတဲ့ယာယီစခန်းမို့ မှိန်ပြပြဖယောင်းတိုင်မီး ဟာ တဖျက်ဖျက်တလက်လက်။

စစ်အင်္ကျီကို ခေါက်ချလိုက်သည်။

လက်ဖဝါးတွေဟာ သေနတ်ကိုင်ပြီးပစ်သတ်ထားတဲ့ဒဏ်ကြောင့် အသားမာတွေတောင်တက်နေသေးပြီး
တဖြည်းဖြည်းအောက်ကိုဆင်းကာ သွေးကြောမျှင်တွေကြားထဲ ရက်စွဲကိုတိတိကျကျ ဖန်ကွဲစနဲ့သက်မှတ်လိုက်သည်။

faceWhere stories live. Discover now