" ကောင်လေး "

" ညနေကမှတွေ့ထားပြီး အခုဖုန်းထပ်ဆက်တာ ဘာကိစ္စများရှိလို့ပါလဲဗျ "

" အရမ်းစိမ်းစိမ်းကားကားကြီး မဆက်ဆံပါနဲ့ကွာ... ကိုယ်က ဒီတိုင်း ကလေးလေးကို လွမ်းလို့ "

ကောင်လေးဘက်မှ ဘာမှပြန်မဖြေလာခဲ့ပေ။ တစ်မိနစ်လောက်အထိ တိတ်မြဲတိတ်နေသည်။

" ကောင်လေး နားထောင်နေသေးလား "

" နားထောင်နေတယ် "

" ညနောက်ကျနေတာသိပါတယ် သိရက်နဲ့ အလိုက်မသိဖုန်းဆက်မိတာကိုလည်း ကိုယ်ကတောင်းပန်တယ်... နော်... လွမ်းလို့ အသံလေးကြားချင်လာလို့ ဆက်လိုက်မိတာ "

" ကိုယ့်ကို ကောင်လေးဘယ်လိုမြင်မလဲတော့ ကိုယ်မပြောနိုင်ဘူး... ငြင်းခဲ့တာလည်းကိုယ်ပဲဆိုပေမယ့် ကြိုက်မိသွားတဲ့အခါ အရွယ်ကြီးမကြီးမငယ်နဲ့ မနေနိုင်မထိုင်နိုင်ဖြစ်နေရတာလည်း ကိုယ်ပဲဖြစ်နေတယ် "

ဂျောင်ဂု ကိုယ့်အဖြစ်ကိုပြောပြနေရင်း အက်ကွဲသံနှင့်ရယ်မိသည်။ အချစ်နဲ့တွေ့ရင် လူတိုင်းဘယ်လိုလဲမသိပေမယ့် သူကတော့ ဆယ်ကျော်သက်လေးလို ပျာယာတွေခတ်နေခဲ့သည်လေ။

" မနက်ဖြန်ကျရင် လိုချင်တဲ့အဖြေပေးပါ့မယ် ... ကျွန်တော်ရော ဦးရော အချင်းချင်းသဘောကျနေတာပဲလေ.. စိတ်တွေဆိုးပြပြီး အချိန်တွေအပုပ်မခံချင်ပါဘူး စက္ကန့်တိုင်းကြည်နူးစရာလေးတွေနဲ့ဖြစ်နေသင့်တာမလား "

ဂျောင်ဂုပင့်သက်ရှိုက်လိုက်မိပြီး အင်းဟု ထောက်ခံသံလေးပေးလိုက်၏။

" ကောင်းသောညပါ ဦး... အိပ်ပျော်အောင်အိပ်ပြီး အိပ်မက်ထဲ လာတွေ့ပြီးချော့ပေးပါ မနက်နိုးတဲ့အခါ အကုန်ကျေအေးပေးမယ် "

" ကောင်းပါပြီ ကလေးလေး...ကောင်းသောညပါ ကိုယ်သေချာပေါက် လာချော့လှည့်ပါ့မယ် "

*****^^******
Zawgyi Code

" ကျွန်တော် ... ဟို ကျွန်တော် "

ဦးDove le storie prendono vita. Scoprilo ora