" မင်းကရော ဘယ်လိုဖြစ်လို့ ဂျွန်ဂျွန်ဂုနဲ့ပြန်လာတာလဲ သူပဲ ယောက်ျားတွေမကြိုက်ဘူး ငြင်းတယ်ဆို "
" ဂျွန်ဂျောင်ဂုပါ ဦးငယ်ရာ... ယောက်ျားတွေပဲ မကြိုက်တာ ပက်ဂျီမင်းကို မကြိုက်ဘဲ သူမနေနိုင်ဘူးလေ "
ပြောပြီးနောက် ဂျီမင်းက တခစ်ခစ်ရယ်သည်။ အတော်လေးကျေနပ်ပြီး ပျော်နေပုံကို နည်းနည်းလေးတောင် မဖုံးမဖိနိုင်သည်အထိ။
" ကျွန်တော်ကို လီလီပန်းတွေလည်းပေးတယ် အပွင့်ငါးဆယ်တောင် "
ပြောနေရင်း တိုက်ဂါးလီလီတစ်ပွင့်ကို ထယ်ယောင်းလက်ထဲသို့ ထည့်ပေးလာသည်။
" ဦးငယ်တစ်ပွင့်ယူ... ကျန်တာတွေလည်း လမ်းမှာ တွေ့သမျှလူတွေကို တစ်ယောက်တစ်ပွင့်ဝေခဲ့သေးတယ် မေမေ့ဖို့နဲ့ဦးငယ်ဖို့ရယ် ကျွန်တော့်ဖို့ရယ်ချန်ပြီး အကုန်... "
အိပ်ယာဘေးမှာထားထားတဲ့ လူတစ်ဝက်လောက်ရှိသည့် ယုန်အရုပ်ကြီးကိုဖက်ကာ ခန္ဓာကိုယ်ကို ရှေ့နောက်ဘယ်ညာယိမ်းထိုးကာ ပြောနေသော တူတော်မောင်ကိုကြည့်ပြီး အခြေအနေက သူညမအိပ်ရဘဲ တစ်ညလုံးထိုင်နားထောင်ရကိန်းတွေရှိလာတာမို့ အခန်းထဲမှ အသာလှည့်ထွက်လာလိုက်သည်။ ဒါလည်းသိတဲ့ပုံမပေါ်ပေ။ အကြောင်းမှာ သူအခန်းအပြင်ရောက်တာတောင် ဦးငယ်သိလားဟုဆိုကာ ထပ်ထပ်ပြောပြနေသည့်အသံများကိုကြားနေရသောကြောင့်။
ဂျောင်ဂု အိမ်၏အပေါ်ဆုံးထပ်တွင်ထိုင်ကာ ကောင်လေးကို ဘယ်လိုချော့ရမလဲတွေးနေမိသည်။ ၂၈ ထပ်မြောက်တွင်ထိုင်နေပြီး ဆိုးလ်မြို့၏လေထုက သူ့ကိုရိုက်ခတ်နေသော်လည်း မအေးနိုင်ပါဘဲ ခေါင်းတွင်းအပူကကြီးပြီးရင်းကြီးထွားနေသည်။
ကောင်လေးက ပန်းစည်းကိုမငြင်းပေမယ့် လက်မခံသေးတာကြောင့် သူ့မှာစိတ်မအေးနိုင်ပေ။ စွဲနေတဲ့ ချာတိတ်ရဲ့နှုတ်ခမ်းလေးရဲ့အရသာကို သူဘယ်ချိန်ကျမှများ ဒုတိယအကြိမ်မြည်းစမ်းနိုင်မှာလဲ။ အတွေးများမှာ ထပ်တိုးထပ်တိုးပွါးလာပြီး မနေနိုင်စွာ ကောင်လေးကို ဖုန်းဆက်မိပြန်သည်။
ВЫ ЧИТАЕТЕ
ဦး
Фанфикшнပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 12 💌
Начните с самого начала
