ထယ်ယောင်းစားချင်သမျှ မှာကျွေးပြီး စားနေတဲ့တစ်လျှောက်လုံးလည်း တစ်နေရာမှမလစ်လပ်သွားရအောင် သေချာဂရုစိုက်ပေးသည်။
" ယွန်းဂီဟျောင်းလို့ပဲ ခေါ်မယ်နော် ကျွန်တော့်ထက်ကြီးတယ်ဆိုတော့ "
" သဘောဗျာ...ကိုယ်က အခေါ်အဝေါ်တွေကို သိပ်ဂရုစိုက်တဲ့ထဲမပါဘူး "
သို့နှင့် တစ်ညနေအတွင်းမှာပင် ထယ်ယောင်းရည်းစားရသွားတော့သည်။ သားဖြစ်သူရော မောင်လေးဖြစ်သူရောကပါ တစ်ယောက်ကမှ မိန်းကလေးလက်တွဲဖော်မရွေးခဲ့ခြင်းအတွက် မမကိုတော့ နည်းနည်းအားနာမိသည်။
ညနေစာစားပြီးနောက် ယွန်းဂီဟျောင်းက သူ့ကိုအိမ်ပြန်လိုက်ပို့သည်။ အိမ်ရှေ့ရောက်တော့ ကျေးဇူးရှင်လေးကလည်း သူ့လူနဲ့အတူ အိမ်ပြန်လာတာနှင့်ဆုံသည်။ သူတို့မရောက်ခင်လေးတင်ပဲ ဂျီမင်းက အိမ်ထဲဝင်သွားပြီး သူ့ဦးကလည်း ကားမောင်းထွက်သွားသည်။ နေပါစေလေ။ အိမ်ထဲရောက်မှ ဆယ့်ခြောက်ချက်လောက် ခေါက်ပစ်ဦးမည်။
" ပြောပါဦး အကျိုးအကြောင်းမပြောဘဲ ငါ့ကိုထားခဲ့ရတဲ့အကြောင်းလေး "
အခန်းထဲရောက်လို့ ထိုင်ကာရှိသေးသည်။ ဦးငယ်က တံခါးပင်မခေါက်ဘဲ ဝင်လာကာ မေးလာတော့၏။
" လန့်လိုက်တာ ဦးငယ်! သူများအခန်းကိုဝင်မယ်ဆို တံခါးခေါက်ရမယ်လေ "
" မခေါက်တော့ ဘာဖြစ်..မေးတာကိုပဲ ဖြေ "
" လိုက်တယ်လေ... ယွန်းဂီဟျောင်းနဲ့ ဦးငယ်က လိုက်တယ်ထင်လို့..."
" မင်းကြီးတော်ကြီးကို လိုက်တယ်ထင် "
" ဦးငယ်ကလည်း... ကျွန်တော်က ကိုယ့်ဦးလေးကို တွေ့ကရာလူဆီ ထိုးထည့်ပေးပါ့မလားဗျာ ယွန်းဂီဟျောင်းကို ကျွန်တော်သေချာလေ့လာပြီးပါပြီဗျ "
" ကြီးကြီးကျယ်ကျယ် မင်းကဦးလေးလား ငါကဦးလေးလား ရိုက်လိုက်ဦးမယ် "
ဦးငယ် သူကိုယ်တိုင်လည်း သဘောကျပြီး အခြေအနေမဆိုးခဲ့ပုံပေါ်ပါသည်။ ဒါကို အမောခံပြီး လူကိုလာပြီး ဆူနေသေးသည်။ ယောက်ျားလေးကြိုက်ပါတယ်လို့ come out မလုပ်ထားပေမယ့် ဦးငယ်က သူကြိုက်ရင် Gender ရွေးနေမည်မဟုတ်သည်ကိုသိတာကြောင့် ဂျီမင်း စီစဉ်ပေးမိခြင်းဖြစ်သည်။ ယွန်းဂီဟျောင်းကလည်း ကြိုက်တယ်ပြောလာတာကြောင့်က ချိတ်ပေးမိတဲ့ အဓိကအချက်ပင်။
VOCÊ ESTÁ LENDO
ဦး
Fanficပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 12 💌
Começar do início
