" ဦးသူငယ်ချင်းက ကျွန်တော့်ဦးငယ်ကိုကြိုက်နေတာဗျ "
ဦးက ဘာမှဆက်မပြောဘဲ ဂျီမင်းကိုသာ ကြောင်ကြည့်နေသည်။ ဂျီမင်းဘက်က အတည်ပြောနေမှန်း သူသိသွားတော့ တစ်ဖက်ကိုလှည့်သွားပြီး မယုံနိုင်ဖြစ်ကာ အမှန်တရားကိုလက်ခံရန်ခက်ခဲနေပုံပင်။
ဒါဆို ဦးက ယောက်ျားလေးချင်းကြိုက်ကြ ချစ်ကြတာကို လက်ခံနိုင်တဲ့သူမဟုတ်ဘူးလား။ ဂျီမင်း ဦးကိုကြည့်နေရင်း သူ့ဦးနှောက်ကို အမြန်အလုပ်ပေးနေမိသည်။ နောက်ဆုံးတွေးမိတာသည် ဂျီမင်း နောင်တစ်ချိန်အတွက် ရည်ရွယ်ထားခဲ့ပေမယ့် အခုပဲ သူ့နှလုံးသားကို ချပြတော့မည်ဟု။
" သူ့ကိုကြိုက်တဲ့အမျိုးသမီးတွေဆို မနည်းဘူး
သူ့ကိုလည်းကြည့်လေ ဘယ်လောက်တောင်စွဲဆောင်မှုရှိလိုက်သလဲ ... ဒီကောင်ကွာ "
ဦးက ယူကြုံးမရပြောနေတော့ ဂျီမင်းရင်ဘတ်ထဲလေးလံလာသည်။ သူ့အတွက်လည်း မမေးရင်တောင် အဖြေကသေချာနေခဲ့ပြီလေ။
" မေတ္တာတရားတွေမှာ လူတန်းစားတွေမခွဲထားသလို ကျား မ ရယ်လို့လည်း မခွဲထားဘူးမလားဗျ ချစ်ခြင်းတွေမှာလည်း နှလုံးသားကရွေးချယ်တဲ့သူပဲပေါ့... ယောက်ျားမို့ မိန်းမကိုပဲကြိုက်ရပါမယ်ဆို ဦး အခုအမျိုးသမီးနဲ့ပျော်ရွှင်ရလို့လား
ကိုယ့်အတွက် ပျော်ရွှင်မှုတွေပေး ယုံကြည်မှု နားလည်မှုတွေပေးထားနိုင်သူဆို ဘယ်သူပဲဖြစ်ပါစေ လက်ခံနိုင်ရမှာပေါ့ ... "
" အင်း...နော်
ချာတိတ်ပြောတာလည်း မှန်တာပေါ့
မင်းလည်း ယောက်ျားချင်းကြိုက်တာလား "
အမြဲနူးညံ့ခဲ့တဲ့လေသံဟာ ဒီအချိန်မှာ သံသယဝင်စရာကောင်းလောက်အောင်ကို ရှာမရတော့ပေ။ ဒီအခြေနေမျိုးကတော့ တကယ်ကို ဂျီမင်းကြိုတွေးပြီး ပြင်ဆင်ထားခဲ့တဲ့ထဲမှာ မပါခဲ့တာကြောင့် တော်တော်လေးအသက်ရှူကြပ်လာသည်။
" ကျွန်တော် လူတစ်ယောက်ကို ချစ်တယ်လို့ခေါင်းစဉ်မတပ်ခဲ့ဘဲ ကြိုက်ခဲ့စွဲလန်းခဲ့တာ... သူ့ကိုဆို အမြဲပျော်ရွှင်စေချင်တယ် ကျွန်တော် သူ့ကို ပန်းလေးတွေနေ့တိုင်းပေးပြီး စချဉ်းကပ်ခဲ့တယ် သူကတော့ ပန်းတွေကို သူ့ရည်းစားကိုပေးပစ်ခဲ့တာသိတော့ ကျွန်တော့်မှာ ရင်တွေနာလို့... "
YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 09 💌
Start from the beginning
