" ကောင်လေး"
" ကောင်လေး! "
သူကမှ ချောတာကိုး။ ဂျီမင်းတို့ လူကြီးကိုရှေ့ထားပြီး မတ်တပ်မေ့တာအပြစ်လား။
" ယွန်းဂီနဲ့ ဘာတွေပြောနေတာလဲ "
" လူရှင်းတဲ့တစ်နေရာမှာ သွားပြီးစကားပြောလို့ရမလား "
" ဘာလို့မရရမှာလဲ "
ဂျီမင်းလက်မောင်းပေါ် ဦးရဲ့လက်တစ်ဖက်ရောက်လာပြီး အသာဆွဲဖက်ရင်း ဦးကပဲ လူရှင်းသည့်တစ်နေရာသို့ ခေါ်သွားသည်။ စတွေ့ကတည်းက ဒီလောက်အနီးဆုံးထိရောက်ဖူးတာ ပထမဆုံးဖြစ်သည်။ ဦးရင်ခွင်ထဲရောက်လုနီးပါးအထိ။
" ဟိုအမျိုးသမီးရောဟင် "
" ဘယ်သူ... အာ... မဖိတ်ထားဘူး ပွဲမှာ အာရုံတွေနောက်မှာစိုးလို့ "
ဂျီမင်း ဦးကို ဘာမှပြန်မဖြေဘဲ စိုက်ကြည့်နေမိသည်။ ဦးဘယ်လောက်အထိစိတ်ရှုပ်ထားရလဲဆိုတာ မြင်သာနေတော့ ဂျီမင်း ဦးကိုသနားပေမယ့် နည်းနည်းတော့ကျေနပ်မိသည်။
ဂျီမင်းစိုက်ကြည့်နေတော့ ဦးကလည်း တစ်မျိုးထင်သွားပုံရသည်။
" ရှက်ဖို့တော့ကောင်းပေမယ့် ကိုယ် သူနဲ့အဆင်မပြေဘူးလေ... ကောင်လေးလည်းသိချင်သိလိမ့်မယ် "
" သိပါတယ်... ဒီလောက်သိသာနေတာကို "
" အဟင်း... ဒါနဲ့ ကိုယ်မေးတာဖြေဦးလေ "
" ဦးသူငယ်ချင်းကိစ္စလား... သူ့နှလုံးသားကိစ္စတွေလာပြောပြနေတာပါဗျာ "
" အခုမှတွေ့ဖူးတဲ့ချာတိတ်ကိုလေ သူက... "
" သူကြွေနေတာ ကျွန်တော့်ရဲ့ဆွေမျိုးလေ အဲ့ဒါကြောင့်... "
" အော် ယွန်းဂီမူပျက်နေတာသိတယ် သူဘယ်ကောင်မလေးကို ကြွေနေလဲပေါ့... လက်စသတ်တော့ ချာတိတ်နဲ့ဆက်စပ်နေတာပဲ တိုက်ဆိုင်ချက် "
ဦးရဲ့စကားတွေက ရိုးရိုးလေးပြောနေပေမယ့် တစ်ခုခုဆို နားလည်လွယ် သဘောပေါက်လွယ်တတ်တဲ့သူ့အတွက် ရင်ခုန်လာစေသည်။ ဦးက သူကိုယ်တိုင်လည်း ကောင်မလေးနဲ့တွဲခဲ့တော့ သူ့သူငယ်ချင်းလည်း ကောင်မလေးကြိုက်တယ်ဟု ထင်နေပုံရသည်။
YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 09 💌
Start from the beginning
