" ဒီ..ငါ့အစ်မသားကတော့ ... ပြော ဘယ်သူဆွဲခိုင်းတာလဲ "

" မသိဘူး.. သေချာတာတော့ မိန်းကလေးမဟုတ်ဘူး "

" ဘယ်သူမှန်းမသိဘဲ ဆွဲပေးရလားဟ "

" ပိုက်ဆံရတယ်လေဗျာ "

" ပိုက်ဆံနဲ့ ကိုယ့်ဦးလေးကို ရောင်းစားနေတယ်! "

ပါးစပ်ကတင်အော်တာမဟုတ်ဘဲ လက်ကပါ ဂျီမင်းနဖူးကို တောက်ပြီးသားပင်။ ဦးငယ်လက်တွေက ရှည်ရှည်သွယ်သွယ်လေးဖြင့် အတော်လေးလှသော်လည်း လက်သံတော့ပြောင်၏။ ဂျီမင်း နဖူးရဲရဲကိုပွတ်ရင်း ပြောပြမိသည်ကို နောင်တရနေတော့သည်။

" အကောင့်ပြမယ်လေ ကိုယ့်ဘာကိုယ် ဆက်စုံစမ်းပေါ့... ကျွန်တော်ကတော့ ကိုယ့်ကိစ္စ ပုံဆွဲစရာရှိတာ ဆွဲပေးလိုက်တယ် ပိုက်ဆံလည်းရပြီးပြီ "

စကားမဆုံးခင် ဦးငယ်က လက်ကြီးထပ်မြှောက်လာတာမို့ အမြန်ရှောင်ပြေးရသေးသည်။ ခုတင်ခြားပြီးပဲ ရပ်နေလိုက်တော့သည်။ လက်တံရှည်တွေဆီက ဝေးနိုင်သမျှ ဝေးဝေးရှောင်နိုင်မှ လွတ်လိမ့်မည်။

" ငါ့ပုံကို ဘယ်လောက်နဲ့ ဆွဲပေးလိုက်တာလဲ "

" အဟမ်း... ဦးငယ်ပုံမို့ ကျွန်တော်စျေးနည်းနည်းထပ်တင်လိုက်တယ် "

ဂျီမင်း လက်နှစ်ချောင်းထောင်ပြလိုက်သည်။

" နှစ်သောင်းလား "

ဂျီမင်းခေါင်းရမ်းလိုက်ပြီး

" ဖြစ်စရာလား ကျွန်တော့်လက်ရာက စျေးကြီးတယ်ဗျ! သိန်းနှစ်ဆယ် "

" ဘာ! "

" သူက ဟိုက်ဘော့စ်ထင်တယ် ကျွန်တော် တစ်ဆယ်ပဲတောင်းတာကို နှစ်ဆယ်ပေးတာဗျ "

ဦးငယ်ဆွံ့အသွားပုံပင်။ သူ့ဂုတ်ကို လက်တစ်ဖက်ဖြင့် ဖိနှိပ်ရင်း အခန်းထဲကပြန်ထွက်သွားဖို့ပြင်နေသည်။

" အကောင့်မကြည့်တော့ဘူးလား "

" ဘာမှမကြည့်ဘူး! တစ်ဆယ်ကို ငါ့အကောင့်ထဲလွှဲပေးလိုက် ညတွင်းချင်းလိုချင်တယ် "

ဒီတစ်ခါတော့ ဆွံ့အသွားသူက ဂျီမင်း။ ဘယ်လိုလူလဲ။ ရုပ်ချောတဲ့သူတွေများ သူတို့မျက်နှာလေးနဲ့တင် မျက်စိတစ်မှိတ်လေး မိနစ်ပိုင်းအတွင်း ငွေဆယ်သိန်းရတော့မည်။ ဂျီမင်းတွေးရင်း ရင်ဘတ်ထဲကအောင့်လာသလို ခံစားရ၏။ သူ ဦးငယ်ပုံဆွဲတုန်းက နာရီပေါင်းနှစ်ဆယ်ကြာခဲ့သည်လေ။ ဦးငယ်ပုံဘယ်လောက်တောင် ခက်လိုက်သလဲ။

ဦးWhere stories live. Discover now