" ညအိပ်ခါနီး စိတ်ကင်ဆာ လာပေးနေတာ သွားတော့ ဦးငယ်ရာ "
ပြန်ကြိုက်ချင်ကြိုက် မကြိုက်ချင်လည်းနေ၊ ဘာအရေးလဲ။ မျှော်လင့်ချက်တွေထားမနေဘဲ ပေးနိုင်သမျှ ပေးလိုက်မယ်။မှန်းစမ်း ဘယ်လိုလေးလိုက်ရင် သေချာပေါက်ပြန်ကြိုက်မလဲမသိဘူး။
ညဟာ အတွေးများစရာပေမယ့် အိပ်လို့ပျော်ခဲ့ပါသည်။
သစ်ခွတွေနဲ့ သစ်ခွမျိုးနွယ်မှန်သမျှကို ဂျောင်ဂုကြိုက်သည်။ သူတို့ရဲ့ပုံစံက လုံးဝကြော့ရှင်းနေပြီး သူများနဲ့မတူတဲ့လယ်ဗယ်တစ်ခုမှာရှိနေသလိုမျိုးပုံပေါက်သည်။ တခြားပန်းတွေကဲ့သို့ အရမ်းမမွှေးဘဲ ပန်းနံ့ပါးပါးလေးသာရှိပြီး အလွန်တင့်တယ်လှသည့်ပန်းမျိုးနွယ်။ ဂျောင်ဂု၏မွေးလပန်း တိုက်ဂါးလီလီဆို သူ့အခန်းထဲ တစ်ပွင့် တစ်ပွင့် အမြဲမပြတ်ထားတတ်သေးသည်။
ဒီနေ့ ပန်းပို့သမားက သစ်ခွပန်းလေးပေးတော့ ကိုယ်တိုင်မသိလိုက်ပါဘဲ ယူလာမိသည့်အပြင် အိပ်ခန်းထဲတွင် သူထားနေကျ တိုက်ဂါးလီလီပန်းအိုးလေးထဲ ထည့်ထားလိုက်သည်။ သစ်ခွဖြူဖြူတွေကိုကြည့်ပြီး ပြုံးလိုက်မိ၏။
ပန်းတွေက သူတို့ကိုမချစ်တဲ့သူတွေရယ် ချစ်တဲ့သူတွေရယ်လို့ မခွဲခြားဘဲ တလောကလုံးကို အစွမ်းကုန်လှစေပြီး ချစ်ပေး၏။ ချစ်တတ်သူတွေအတွက်ကတော့ အပြည့်အဝလက်ခံရရှိပေလိမ့်မည်။
****^^^*****
Zawgyi Code
နေ့တစ်နေ့ကိုစတင်ပြီး နေ့စဉ်ပုံမှန်ဘဝကိစ္စ စားတာသောက်တာတွေပြီးတာနဲ့ ဂျီမင်းအလုပ်မသွားခင် ဈေးကိုပြေးတဲ့အလုပ်တစ်ခုထပ်တိုးလာသည်။ သစ်ခွဖြူဖြူတွေက ဒီနေ့အတွက်မုဒ်ဖြစ်ပုံရသည်။ ဈေးရောက်တာနဲ့ တန်းမြင်မိတာ အဖြူရောင်သစ်ခွတွေပဲ။ ချစ်တဲ့သူကို ပန်းဖြူဖြူတွေပေးပါတဲ့။ အဖြူးစင်ဆုံးချစ်ရပြီး အရာအားလုံးကို အရှုံးပေးပြီးသားပါဆိုတဲ့အဓိပ္ပါယ်ရှိကြောင်း ဟိုတလောလေးက flower page ကနေ ဖတ်လိုက်ရသည်။
သစ်ခွအဖြူလေး သုံးခက်အားဝယ်လိုက်ကာ ပန်းစည်းကလေးဖြစ်စေလိုက်သည်။ ထို့နောက် ပိုင်ရှင်အသစ်ဆီသို့ပို့ပေးရန် ဂျီမင်းတက်ကြွစွာပင် ကုမ္ပဏီသို့ထွက်လာခဲ့သည်။
YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 05 💌
Start from the beginning
