" တောင်းပန်တယ် သွားလိုက်တော့ "

ဂျီမင်းအခန်းထဲရောက်တော့ ဦးငယ်ကအရင် အိပ်ယာပေါ်မှာ နေရာတကျတက်အိပ်လိုက်ပြီး သူနားထောင်ရန်အသင့်ဖြစ်သည့်အနေအထားကို ပြင်လိုက်သည်။

" ရပြီ ပြောတော့ "

" ဘယ်ကစပြောရမလဲကို မသိဘူး "

" ကြုံရာကသာ စပြော "

မကြီးမငယ်နဲ့ သူများနှလုံးသားရေးရာကို တက်ကြွစွာ စိတ်ဝင်စားနေသူအား မျက်စောင်းတစ်ချက်ထိုးလိုက်သည်။

" အသက်အတိအကျတော့ မသိရဘူး သုံးဆယ့်ငါး သုံးဆယ့်ခြောက် တစ်ခုခုပဲ ကျွန်တော်တို့ကုမ္ပဏီရဲ့ပိုင်ရှင် နာမည်က ဂျွန်..ဂျွန်ဂျာင်ဂု "

နာမည်လေးထုတ်ပြောရတာမှာကို ရင်ခုန်ရသည်မို့ အိပ်ယာဘေးက ရှဉ့်ရုပ်ကလေးကို ရင်ဘတ်နားထိ ဆွဲယူဖက်လိုက်ရင်း နာမည်အပြည့်စုံကို ပြောရသည်။

" ငါ့ထက် သုံးလေးနှစ်တောင် ကြီးတာပဲ "

" အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲဗျ "

" အတော်ဖြစ်နေနော် ငါ့ထက်ဘယ်နှနှစ်ကြီးကြောင်းပဲပြောတာ ဘာမှ မဝေဘင်ရသေးဘူး "

" ဟဲဟဲ...အဲ့ဒါ ကျွန်တော် နေ့တိုင်း ပန်းလေးတွေပေးပြီး လိုက်နေတယ် မနက်ဖြန်ကျ Ranunculus ပန်းလေးပေးမှာ နှင်းဆီပန်းနဲ့တူပေမယ့် သူက ပွင့်ဖတ်အထပ်ပိုများပြီး တစ်မျိုးလှတယ် ပန်းဆိုင်မှာ ဝင်ဝယ်ရမယ် "

" ပန်းရဲ့ အဓိပ္ပါယ်က ဘာတဲ့လဲ "

" မင်းရဲ့ စွဲဆောင်မှုအောက်မှာ ကျဆုံးသွားပြီတဲ့
အိပ်တော့မယ်ဗျာ နောက်ရက်မှ ဦးငယ်သိချင်တာတွေ ဆက်ပြောပြမယ် "

" ငါ့တူဆိုတော့ ရုပ်ခံကရှိပြီးသားပဲ သေချာကြိုးစားပေါ့ ပြန်မကြိုက်ရင် ငါသိက္ခာကျတယ် "

" ဘာလဲ ဘာလို့ဦးငယ်သိက္ခာကျမှာလဲဗျာ ဘာမှကိုမဆိုင်တာတွေ "

" မဆိုင်တာက မင်းနဲ့ မင်းရဲ့ဦး...
ငါဆို မျက်လုံးလေးတစ်ချက်မှိတ်ပြရုံနဲ့ ပြန်ကြိုက်ခံရတာလေ မင်းကျမှ အရမ်းတွေကြိုးစားပြီး မရရင်... "

ဦးWhere stories live. Discover now