ဒီနေ့ပန်းလေးတွေလည်း ဦးယူသွားရင် ကောင်းမည်။
" ဂျီမင်း "
" အာ ဂျာကြီး "
" မင်း ဘယ်ကနေ ဘယ်လို ဒီအောက်ရောက်လာတာလဲ "
" ကားဘယ်နှစီးရှိလဲလို့ လာရေကြည့်တာ "
" ဘာလုပ်ဖို့တုန်းဟ "
" လျှောက်နောက်တာပါဗျာ ကားအလန်းလေးရှိတယ်ဆိုလို့ မြင်ဖူးအောင် လာချောင်းတာ "
" ဝယ်လေ မဝယ်နိုင်တာလည်း မဟုတ်ဘဲနဲ့ "
" ဝယ်နိုင်တယ် မမောင်းနိုင်တာဗျ လာပါဗျာ.. အလုပ်နောက်ကျတော့မယ် "
နောက်ကျလည်း ဘာပြသနာမှရှိမည့်သူမဟုတ်ပါဘဲ ဒီအာ့တစ်ကို နားမလည်နိုင်ပါ။ အိမ်မှာပဲ ကုပ်ကပ်ပြီး work from home ခဲ့သူက ရုံးဝန်ထမ်းလေးလိုပြောင်းလဲလာတော့လည်း တစ်ရုံးလုံး အံ့ဩခဲ့ရသေးသည်။ အကြောင်းအရင်းကိုမေးလည်း ဘယ်တုန်းကမှ ပြန်မဖြေခဲ့ပေ။
နားမလည်သလိုကြည့်နေသောဂျာကြီးကို ဓာတ်လှေကားထဲ အမြန်ဆွဲခေါ်ရသည်။ မေးခွန်းတွေက ပါးစပ်ကထွက်မလာပေမယ့် မျက်လုံးထဲမှာ တန်းစီနေတာ အလွန်သိသာလှ၏။
ဒီလိုနှင့်တစ်နေ့တာ ကုန်ဆုံးခဲ့ပြန်ပါသည်။ ပန်းလေးကို ဦးယူသွားတာကြောင့် ဒီနေ့ဟာလည်း ပျော်စရာနေ့လေးဖြစ်ခဲ့ပြန်ပါသည်။
" ဂျီမင်း ငါ့ကို ပြောပြဖို့အချိန် တန်ပြီနော် "
တစ်မိသားစုလုံး ညစာအတူစားပြီးနောက် ဂျီမင်းမေမေ့နား ကပ်ချွဲနေတုန်း ဦးငယ်က ပြောလာခြင်း။
" သွား သွား ပြောပြချည် မင်းဦးငယ် ငါ့ကိုလည်း နားတွေ လာလာငြီးတယ် ငါမခံနိုင်တော့ဘူး "
" တရားခံက ဘယ်သူမို့လို့လဲ "
" ကျွန်မမှားပါတယ်ရှင် သွားပါတော့ "
" အမျိုးသမီးပက်နော် အရမ်းဆိုးရင် ညကျ အတူတူလာအိပ်မှာဗျ "
ဂျီမင်း သူနဲ့အတူလာအိပ်မည်ကို အမျိုးသမီးပက် အတော်လေးကြောက်သည်။ အကြောင်းမှာ ဂျီမင်းသည် တစ်ယောက်တည်းအိပ်ရလျှင်အကောင်း။ မေမေနဲ့သွားအိပ်ရင် မိုးမလင်းမချင်း တစ်ခုတင်လုံးကို တစ်ပတ်မက လှည့်ပက်အိပ်တတ်သောကြောင့်ပင်။ အိမ်ထောင်ကျရင် ဘယ်လိုလုပ်မလဲဟု အဆူခံရသည်။ ဘယ်သိမလဲ အိမ်ထောင်မှ မကျဖူးတာ။ အဲ့ကျရင် ငြိမ်ငြိမ်လေးအိပ်ချင်လည်း အိပ်မှာပေါ့။
YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 05 💌
Start from the beginning
