ဂျီမင်း ပန်းခင်းအဝါကြီးထဲမှာ ဦးနဲ့မျက်နှာချင်းဆိုင်ရင်း ပန်းတွေပေးနေခြင်းဖြစ်သည်။ ပန်းခင်းထဲပဲမို့ အခင်းထဲကပန်းတစ်ချို့ကို ခူးလိုက်ပြီး အစည်းလေးလုပ်ပေးနေတာ။
ဦးက သဘောကျကြောင်းပြောပြီး ထပ်ပေးခိုင်းနေတယ်။ ဂျီမင်းလည်း ခူးပေးနေရင်း ပန်းတွေက သူမမှီတော့တဲ့အနေအထားရောက်သွားခဲ့ပြီဖြစ်၏။ သူတို့ဘေးတစ်ဝိုက်မှာ ပြောင်ရှင်းနေပြီပင်။ ထိုအခါမှ ဂျီမင်းပန်းခင်းကြီးကို လှည့်ကြည့်မိတော့သည်။ ကျူးလစ်အဝါရောင်အခင်းကြီး..။
ထို့နောက် ဂျီမင်း မျက်ရည်တွေစီးကျလာပြီး ရင်ထဲတွင် တော်တော်လေးမွန်ကြပ်နေခဲ့သည်။ အံကြိတ်ငိုနေရင်း မခံနိုင်တော့သည့်အဆုံးတွင် လန့်နိုးလာခဲ့သည်။ နိုးလာတော့ ချွေးတွေရွှဲနေခဲ့ပြီး ငိုထား၍ မောနေတာကြောင့် ဂျီမင်း ထပြီး မီးဖိုထဲသို့ ခပ်သွက်သွက်သွားကာ ရေသောက်ရသည်။ ထို့နောက် ဧည့်ခန်းမှာ မှောင်မဲမဲကြား မိနစ်အနည်းငယ်ကြာသည်အထိ တွေးနေမိသည်။ ပန်းတွေလွှင့်မပစ်ဘဲယူသွားတာ ပျော်စရာမဟုတ်ဘူးလား။ ဘာလို့ကြောက်စရာကောင်းတာတွေ မက်ရတာလဲ။
ကျူးလစ်အဝါတွေရဲ့အဓိပ္ပါယ်တစ်ခုက ကိုယ့်ဘက်ကချစ်နေပေမယ့် သူ့ဘက်က ပြန်မချစ်တာသိတယ်ဆိုတဲ့ အဓိပ္ပါယ်တဲ့လေ...။
*****^^******
Zawgyi Code
" ဦးငယ် မနောက်နဲ့လို့ဗျာ... "
မနက်စောစောစီးစီး စောင်တွေလာဆွဲလိုက် ခေါင်းအုံးကို လာဆွဲလိုက်နှင့် မကြီးမငယ်လာနောက်နေသော ဦးငယ်ကို ဘယ်သူမှထိန်းမယ့်သူမရှိဘူးလားမသိ။ ညက အတွေးတွေများပြီး ညနက်မှအိပ်ပျော်ထားတာကြောင့် မနက်စောစောလာနှိုးခံရခြင်းကို အဆင့်သင့်ဖြစ်မနေပေ။ မေမေနှိုးရင်တောင် စောင်ခြုံပြီးပြန်အိပ်လို့ရသေးသည်။ အခုတော့ ဘာမှမကယ်နိုင်။
" ထစမ်းပါ ဂျီမင်းရာ.. မမပြောပြလို့ ငါသိပြီးပြီ
မင်းကြိုက်နေတဲ့သူက ငါ့ထက်တောင်ကြီးတယ်ဆို
ပြီးတော့ ကောင်မလေးလည်းမဟုတ်ဘူးဆို "
YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 04 💌
Start from the beginning
