" ကိုက သိတတ်ရဲ့သားနဲ့ နောက်ခါလည်း ဒီလိုလေး လိမ္မာနော် "
အသက်မှအားမနာ ဘယ်လိုတွေတောင် မရင့်ကျက်လိုက်သလဲ။ တည်ငြိမ်နေရမယ့်အရွယ်မှာ ဘဝက ကမောက်ကမတွေကြား လှန်လိုက်မှောက်လိုက်နှင့်ပင်။
" အိုခေ "
အဖိုးကိုပြောပြီး ဒီအမျိုးသမီးနဲ့အဆက်သွယ်ဖြတ်ရမည်။ နောက်ယောက်ျားယူပြီး သူ့ဘဝကိုစွက်ဖက်ချင်နေတဲ့ အမေမပီသသူကိုလည်း အဖိုးနဲ့တိုင်မည်။ ကလေးဆန်တယ်ပြောပြော အဖိုးကယ်မှရတော့မည်။
" ကို ဒီညရော ဒင်နာတူတူသွားစားကြမလား "
" ဟမ် အင်း.. ဟန်နီလည်းသိသားနဲ့ ကိုယ် ညဆို ဆိုင်ကယ်.. စီး.. အိုခေ အိုခေ ဒင်နာဘယ်ဆိုင်စားမလဲ ရွေးထားလိုက်လေ နော် "
ငြင်းလို့ပင်မဆုံးသေးခင် အမျိုးသမီး၏မျက်လုံးမှ မီးခိုးငွေ့များထွက်လာသလားမှတ်ရသည်။ စိတ်ရှိတိုင်းသာဆို အကုန်ဝုန်းဒိုင်းကြဲ ပေါက်ကွဲအော်ဟစ်လိုက်ချင်တော့၏။
ကိုယ်ပိုင်ဘဝလေးနှင့် နေ့ဘက်ဆို ကုမ္ပဏီသွားပြီး ညဆို biker club မှာ ဆိုင်ကယ်သွားစီးရတာကို စိတ်ပါရင်ပါသလို တစ်ပတ်ငါးကြိမ်လောက်လုပ်နေတတ်သူအတွက် အချုပ်အနှောင်တွေ သိပ်စိတ်ရှုပ်စရာကောင်းလွန်းသည်။ ငြင်းပြန်ရင်လည်း ပိုစိတ်ရှုပ်ရဦးမည်။ ဒီအသက်အရွယ်အထိ ရခဲ့သမျှ စိတ်ဒုက္ခဟာ အမျိုးသမီးတွေကြောင့်ချည်းပဲ။ တကယ့်ဝဋ်ကြွေး။
တစ်ဖက်မှာ အုံ့မှိုင်းနေပေမယ့် တစ်ဖက်မှာတော့ ကြည်လင်လို့နေခဲ့သည်။ ပန်းဝါဝါလေးတွေကို နမ်းမွှေးလိုက်တဲ့အပြင် ကျောပိုးအိတ်ထဲထည့်ယူသွားပုံက အိပ်မက်တွေထဲအထိ စွဲခဲ့သည်။ ကြိုက်မိတာပါဆိုတာကနေ ပိုကြိုက်လာခဲ့လေပြီ။ မမျှော်လင့်ထားတာတွေလည်း ဖြစ်လာတတ်ကြောင်း သတိကပ်ဖို့ကို ထိုသတိဝင်စရာနေရာမရှိနေခဲ့ပေ။
" ဦး...ဦးက နှင်းဆီအဝါတွေကိုကြိုက်တာလား ဒါမှမဟုတ် ပန်းဝါဝါလေးတွေကို ကြိုက်တာလား..."
" ဒီပန်းလေးတွေကိုရော ကြိုက်လားဟင် "
YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 04 💌
Start from the beginning
