" ပန်းတွေ လာရှုပ်ပြန်ပြီ ဘယ်သူလဲကွာ "

ဂျွန်ဂျောင်ဂု သူ၏ဆိုင်ကယ်ပေါ်ကပန်းတွေကိုကြည့်ပြီး စိတ်ပိုနောက်သွားသည်။ သို့သော်လည်း ပန်းဆိုတာ များသောအားဖြင့်ကတော့ မွှေးနေတတ်တာကြောင့် လူတို့ထုံးစံအတိုင်း နမ်းမွှေးလိုက်သည်။ သေချာပေါက် နှင်းဆီပန်းနံ့လေးကတော့ သူ့တာဝန်ကျေစေခဲ့သည်။

" နှင်းဆီပန်းက စိတ်ကြည်တတ်တာမျိုးလား "

ဂျောင်ဂု သူ့ဘာသာရေရွတ်ပြီးနောက် ဒီနေ့ရဲ့နှင်းဆီဝါဝါတွေကို မလွှင့်ပစ်တော့ဘဲ လက်ဆင့်ကမ်းရန်အကြံကလေးရသွားသဖြင့် အိတ်ထဲသို့ သေချာထည့်လိုက်သည်။

အဝေးကကြည့်နေတဲ့ဂျီမင်းကတော့ မေးစရာမလိုအောင် မျက်နှာပေါ်ကအပြုံးက သိသာနေတော့သည်။ နှင်းဆီနီမကြိုက်တာများလား။ နေ့တိုင်း ဝါဝါလေးတွေပဲပေးလို့ကျလည်း ဘယ်မိုက်ပါ့မလဲ။ ပန်းမျိုးစုံနဲ့ သဘောကျမိကြောင်းစကားပါးချင်တာမို့ နောက်နေ့တော့ နောက်တစ်မျိုးပဲ။

" ဟန်နီကလည်း ကိုယ်လာနေပြီမို့ ခဏစောင့်ပေးပါဦး နော် လိမ္မာစမ်းပါကွာ "

အိမ်ကသဘောတူထားသည့်အမျိုးသမီး အင်နာဟွန်း။ အိမ်ကသဘောတူထားတာအပြင် သူရောကိုယ်ရော မငယ်တော့တာမို့ နားလည်မှုနဲ့တွဲခဲ့ကြသော်လည်း ထိုအမျိုးသမီးက အမြဲလိုလို ဂျောင်ဂု၏သည်းခံနိုင်မှုအဆုံးလယ်ဗယ်ကို လာလာထိနေသူ။ အခုလည်း သူလည်းအလုပ်သွား ကိုယ်လည်းကုမ္ပဏီလာတာချင်းအတူတူကို မနက်စာလာပို့ခိုင်းနေသည်။ ဘယ်လောက်ကလေးဆန်လိုက်သလဲ။ စိတ်တွေကုန်နေသော်လည်း မျက်နှာမပျက်ချင်တာကြောင့် ရှိပါစေတော့။

တွေ့သည့်ဆိုင်တစ်ဆိုင်သို့ဝင်လိုက်ကာ ဆန်းဒွစ်ချ်နှင့် ကော်ဖီပူတစ်ခွက်ဝင်ဝယ်လိုက်သည်။ ပြီးရင် ဘယ်သူလာထားမှန်းမသိတဲ့ နှင်းဆီဝါတွေပါပေးလိုက်မည်။ ဒီလောက်ဆို နားပူသက်သာလောက်မည်ထင်သည်။

" ဟန်နီ ရော့ "

ဆူပုတ်ပြီး မျက်နှာကလည်း အတော်လေးမသာယာနေသည့်အမျိုးသမီးသည် ပန်းတွေကိုလည်းမြင်တော့ ချက်ချင်းပြုံးလာသဖြင့် ပန်းပေးတဲ့သူကို ဂျောင်ဂုကျေးဇူးတင်သွားသည်။ ဝန်ခံရရင် နောက်တစ်နေ့မိုးလင်းမှာကိုတောင် လန့်နေတဲ့နေ့တွေရှိခဲ့ဖူးသည်။ ဒါတောင် တစ်လမပြည့်ကြသေးသောအခြေအနေတွင်သာ ရှိသေး၏။

ဦးTahanan ng mga kuwento. Tumuklas ngayon