Part 14

6.7K 683 30
                                    

♬ ♬ ♬ ♬ ♬

Sehun စားပွဲ​ပေါ်တင်​ထား​သော သူ့ ph မှ ringtone သံကြားလိုက်​ရသဖြင့်​ အိပ်​ရာ​ပေါ်လဲ​နေရာက​နေထပြီး ဖုန်းကိုင်​လိုက်​သည်​...

" Hello "

" Sehun ငါ Kyung Soo ပါ.. နင်​ အခု အိမ်​အပြင်​ထွက်​လာခဲ့ "

Sehun Kyung Soo စကား​ကြောင့်​ အံ့သြသွားသည်​.. ခုအချိန်​က ည ၁ နာရီ​ကျော်​​နေပြီ... ဒီအချိန်​ကြီး Kyung Soo သူ့အိမ်​​ရှေ့ကိုဘာလို့​ရောက်​​နေတာလဲ..

" ဒီအချိန်​ကြီးကို "

" မြန်​မြန်​..နင့်​အ​ဖေမသိ​အောင်​ တိတ်​တိတ်​​လေးထွက်​လာခဲ့... "

" ​အေးပါ "

Sehun ph ကို ချပြီး အ​​နွေးထည်​ထပ်​ဝတ်​ကာ အိမ်​​ရှေ့သို့ထွက်​ခဲ့သည်​.. ညသန်း​ခေါင်​အချိန်​ဖြစ်​သဖြင့်​ ဘယ်​သူမှ သတိမထားမိလိုက်​ကြ.. ​နောက်​ပြီး ခြိမ်း​ချောက်​ထားသဖြင့်​ ဘာမှမလုပ်​ရဲ​လောက်​ဖူးလို့ ထင်​​နေတာလည်းပါလိမ့်​မည်​... Sehun အိမ်​​ရှေ့​ရောက်​​တော့ ကားထဲမှာ သူ့ကို​စောင့်​​နေ​သော Kyung Soo ကို ​တွေ့ရသည်​ ... သူ ကားထဲဝင်​ထိုင်​လိုက်ရင်း..

" ဒီအချိန်​ကြီး ဘာကိစ္စလဲ "

" Oh Sehun နင်​ ငါနဲ့လက်​ထပ်​မှာလား "

Kyung Soo ရဲ့ ရုတ်​တရက်​​မေးခွန်း​ကြောင့်​ Sehun ​ကြောင်​သွားသည်​..ပြီးမှ..

" လက်မ​ထပ်​လို့မှမရတာ... ငါတို့​ခေါင်းမာ​နေရင်​ Jong In နဲ့ Luhan ပဲထိခိုက်​မှာ... "

" သူတို့လည်း မထိခိုက်​ဘူး... ငါတို့လည်း လက်​မထပ်​ပဲ​နေလို့ရတဲ့ နည်းလမ်းတခုရှိတယ်​ "

" ဘာ "

Sehun အံသြသွားသည်​... သူ​တောင်​နည်းလမ်းလုံးဝစဉ်းစားမရာ... အမြဲတမ်းငြိမ်​​နေတတ်​တဲ့ Kyung Soo က အခု သူကိုယ်​တိုင်​ နည်းလမ်း​တွေထုတ်​​နေသည်​...
ဘာပဲဖြစ်​ဖြစ်​ Kyung Soo ဥာဏ်​​ကောင်းသဖြင့်​ အကြံ​ကောင်း​တွေ ထွက်​လာနိုင်​သည်​... Kyung Soo က သူ့ကိုကြည့်​ရင်း...

" ဘယ်​လိုလဲ.. "

" ငါက​တော့ လုံးဝ OK တယ်​ ... ဘယ်​လိုနည်းလမ်းလဲ "

Baby Don't CryΌπου ζουν οι ιστορίες. Ανακάλυψε τώρα