Sehun အိမ်ထဲသို့ ဝင်ခဲ့စဉ် ဧည့်ခန်းထဲမှာထိုင်နေသော သူ့အဖေကို တွေ့လိုက်သည်။ သူ့အဖေက သူ့ကို တချက်ကြည့်ရင်း...
^ ခဏလောက် စကားပြောရအောင်... လာထိုင်လှည့် ^
Sehun သူ့အဖေရှေ့က ခုံတစ်ခုံပေါ်ဝင်ထိုင်လိုက်သည်။ သူ့ရင်ထဲ လေးနေသည်။ တခုခုဖြစ်တော့မှာကို ခံစားမိနေသလို ရင်ထဲမကောင်း...
Se: ဘာပြောစရာ ရှိလို့လဲ...
^ မင်းနဲ့ Kyung Soo လက်ထပ်ဖို့ကိစ္စ ^
Sehun သူ့အဖေကို နားမလည်နိုင်သလိုကြည့်ရင်း..
Se: Appa ကိုယ်တိုင် လက်ထပ်ပွဲဖျက်ဖို့ ခွင့်ပြုပြီးပြီလေ ..
^ ငါက ရူးနေလို့လား..မင်းတို့ပြောတိုင်း လက်ထပ်ပွဲဖျက်ရအောင် ^
Se: Appa!! ဘယ်လိုနေနေ ကျွန်တော်တို့လုံးဝ လက်မထပ်နိုင်တာမို့ အတင်း လက်ထပ်ပေးဖို့ မကြိုးစားပါနဲ့ ...
Sehun သူ့အဖေရှေ့ကထထွက်ခဲ့သည်။ လွယ်လွယ်နှင့် လက်ထပ်ပွဲဖျက်ဖို့ ခွင့်မပြုမှန်း သိထား၍ သူဘာမှမဖြစ်... အပေါ်ထပ်သို့ တက်ရန်ပြင်လိုက်စဉ် သူ့အဖေ့ဆီမှ စကားသံထွက်လာသည်။
^ မင်းအမေကို မလွမ်းဖူးလား ^
Sehun ခြေလှမ်းတွေရပ်တန့်သွားသည်။
^ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ငါတို့ကိုပစ်သွားတဲ့ မင်းအမေကို မလွမ်းဖူးလား ^
Sehun လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။
Se: မလွမ်းဖူး...ကျွန်တော့်မှာ အမေမရှိဘူး... ဘာတွေကြံစည်နေလဲမသိပေမဲ့ ကျွန်တော် လုံးဝ လက်ထပ်မှာမဟုတ်ဘူး ...
^ မင်းအမေ အခု ဆေးရုံမှာလေ...ကင်ဆာရောဂါနောက်ဆုံးအဆင့်ပဲ.. မတွေ့ချင်ဘူးလား.. ^
Se: တခြားယောကျာ်းနဲ့တွေ့လို့ ပစ်သွားတဲ့အမေပဲ... ကျွန်တော်ဂရုမစိုက်ဘူး...