" ဦး...ဦးငယ် "
အညိုရောင် Long Coat ကြီးနှင့် စမတ်ကျနေသူကြီးက လှည့်မကြည့်ဘဲ ဘာကိုငေးနေတယ်မသိ။
" ဦးကင်ထယ်ယောင်း "
" ဟေ ဂျီမင်းလေး ဖြည်းဖြည်းခေါ်ပါကွ ရုပ်ချောပေမယ့် အသဲနုတယ် ကောင်လေးရ "
" ဘာတွေငေးနေလို့ မကြားတာလဲ ခေါ်နေတာကြာပြီ "
" မငေးပါဘူး ပါတဲ့ပစ္စည်းတွေမှန်လား ကျန်ခဲ့တာရှိလား စဉ်းစားနေလို့ပါ.. လာ လာ သွားမယ် မမရော နေကောင်းလား "
Luggage နှစ်ခုယှဉ်ထားတဲ့အထဲ ပိုသေးတာကို ဂျီမင်းဆွဲကူလိုက်ပြီး
" ကောင်းတယ် လာ လာ မြန်မြန်သွားရအောင်
ဗိုက်ဆာပြီဗျ အမျိုးသမီးပက် ဘာတွေချက်ထားမလဲမသိဘူး "
" အေး အေး.. ငါလည်း သိချင်တယ် "
ချီးကျူးရင် အမြင်ကပ်စရာကောင်းအောင် ကိုယ်ရည်သွေးလို့ မပြောချင်ပေမယ့် ဦးငယ်က တကယ့်ကိုမင်းသားပင်။ ဆံပင်လှန်ထားသဖြင့် နဖူးကျယ်ကြီးတွေမြင်နေရတာကိုက စွဲဆောင်မှုအပြည့်ဖြစ်သည်။ ဂျီမင်းထက် ခုနစ်နှစ်ကြီးသော်လည်း ဂျီမင်းနှင့်ရွယ်တူလောက်ဟု ထင်ရသည်။
တက်စီပေါ်တွင် ဦးငယ်က သူပြန်လာရသည့်အကြောင်းအား ပြောပြသည်။
" ရုံးချုပ်ကလွှတ်လို့လေ ဒီဘက်မှာ ကုန်ကြမ်းလာရှတာ လေးငါးခြောက်လလောက် နေဖြစ်မယ်ထင်တယ် "
" ကောင်းတာပေါ့ ကျွန်တော်တို့အိမ်မှာ နေမယ်မလား "
" အေးပေါ့ကွ ဒီမိသားစုလေးရှိတာကို "
" ဒီမိသားစုလေးပဲဆို ဒီမှာပဲနေပါလားဗျ ဘာလို့ ဟိုးအဝေးကြီးမှာ သွားနေနေလဲ "
" ငါပြောပြရင် မင်းပျော်နေတော့မှာပဲ
ငါလည်း ဒီမှာဖွင့်မယ့်ရုံးခွဲမှာ နေမလားလို့တွေးနေတာပဲ "
" တကယ်လား နေလေ ဘာတွေတွေးနေတာလဲ နေလေ ဦးငယ်ကလည်း "
" စဉ်းစားဦးမယ်လေကွာ "
" သဘော သဘော ဦးငယ်က တကယ့်ငစားပဲ ဦးငယ် "
ဦးငယ်က တဟားဟားအော်ရယ်ရင်း ဂျီမင်းဆံပင်တွေ လာဖွသည်။ လူကို ကလေးမှတ်နေသလားမသိ။ အသက်နှစ်ဆယ့်ငါးနှစ်ရှိနေပြီဖြစ်ကြောင်း ဆံပင်လာဖွနေသောလက်အား ရိုက်ထုတ်ကာ ပြောပြရသေးသည်။
BINABASA MO ANG
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 03 💌
Magsimula sa umpisa
