" ရော့.. နောက်ရက်လည်း မင်း ဒီနားမှာပဲရှိမှာလား "

" ဟုတ် သားအမြဲ ဒီနားမှာပဲ မေမေ့ကိုစောင့်တာလေ "

" ဟင် မင်းမေမေက ဘယ်မှာလဲ "

" ဟိုမှာလေ.."

သူမကြာမကြာဝယ်စားဖြစ်တဲ့ ကုမ္ပဏီရှေ့က တော့ပူကီဆိုင်က အစ်မမှာ သားတစ်ယောက်ရှိမှန်း အခုမှသိရတော့သည်။

" အော် အစ်မကြီးအင်နာလား
အဆင်ပြေတာပေါ့ နောက်ရက်လည်း အဲ့ဆိုင်ကယ်ကြီး ဒါမှမဟုတ်လည်း ကားအကောင်းစားကြီးရှိရင် အဲ့လိုပဲပန်းလေးထားမှာမို့ ဟျောင်းကို ကူညီပေးဦးနော်... ကူညီမယ်မလား "

" ရတယ်လေ မေမေ့ကိုပိုက်ဆံကူရှာပေးလို့ရတာပေါ့ "

" အေးပေါ့ အေးပေါ့ "

ဂျီမင်း ကလေးတစ်ယောက်နှင့် အလုပ်ကိစ္စသဘောတူညီပြီးသည်နှင့် သူအလုပ်လုပ်သည့်ရုံးခန်းသို့တက်ကာ ပန်းအား လက်ခံမည်လား လွှင့်ပစ်မည်လားတွေ့ရင်း တစ်နေ့တာလုပ်ငန်းကို စခဲ့သည်။ နေ့တစ်နေ့ဟာ သာမန်ပဲပြီးသွားခဲ့ပြီး သူအိမ်ပြန်တဲ့အချိန်တွင်တော့ ဆိုင်ကယ်မရှိတော့ပေ။ သူဌေးတွေများ ကောင်းလိုက်တာ။

ဂျီမင်းမျက်လုံးအကြည့်တွေ လှေကားခြေရင်းတွင် ရပ်သွားခဲ့ပြီး ရင်ထဲပူသွားခဲ့သည်။ သူထားခဲ့တဲ့ပန်းလေးဟာ ကြေမွလို့..။ ပန်းတွေ မကြိုက်တဲ့သူ ရှိသေးတာလား။ မဟုတ်တာ လေတိုက်လို့ လွင့်ကျတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

သူတွေးနေတုန်း မေမေ့ဆီက ဖုန်းဝင်လာခဲ့သည်။

" ဟယ်လို မေမေ "

" ထယ်ယောင်းလေ သားဦးငယ် လေဆိပ်ရောက်နေပြီတဲ့... သွားကြိုလိုက်ဦး သားလေး "

" ဦးငယ်ကလည်း အကြောင်းမကြားဘာမကြား ဘာလုပ်တာပါလိမ့်... သွားလိုက်မယ် မေမေ "

" ဂရုစိုက်နော် သား "

" ဟုတ်ကဲ့ပါဗျ "

မေမေ့အဒေါ်ရဲ့သား မေမေ့မောင်လေးကတော့ ဘာစိတ်ကူးပေါက်ပြီး အင်္ဂလန်ကနေ ကိုရီးယားကို ပြန်လွင့်လာသလဲမသိ။ ဦးငယ်လာရင် လက်ဆောင်တွေတော့ အများကြီးပါလာမှာ သေချာသည်။ တက်စီငှါးကာ လေဆိပ်သို့ မြန်မြန်မောင်းခိုင်းလိုက်သည်။

ဦးWhere stories live. Discover now