" မျက်မှန်လေးနဲ့ ချာတိတ် "
" ကျွန်တော့်ကိုပြောတာလား "
ဆိုင်ထဲတွင် လူအနည်းငယ်ရှိနေသဖြင့် ထိုမေးခွန်းက သူ့အတွက်ကြောင်နေခဲ့ပေမယ့် တစ်ဖက်လူကတော့ အဖြေပြန်ပေးလာ၏။
" အင်း... မင်း "
ဂျီမင်း ကောင်တာနားသို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်ရင်း
" ကျွန်တော့်နာမည် ကောင်လေးလည်းမဟုတ်သလို ချာတိတ်လည်း မဟုတ်ဘူးဗျ "
" နာမည်ပြောပြလေ ကိုယ်မှတ်ထားမှာပေါ့
ဒါနဲ့လေ ကိုယ်တို့ တစ်ခါတွေ့ဖူးတယ်မလား "
" ဘယ်တစ်ခုကို အရင်ဖြေရမလဲ "
ဦးက သူ့အမေးကြောင့် မျက်ခုံးပင့်ကာ ခဏကြောင့်ကြည့်ပြီးမှ အသာလေးပြုံးပြီး နာမည်ကိုအရင်ဖြေပေးဖို့ ပြောလာသည်။ အဲ့ဒီအပြုံးက ပိုပိုပြီးကြိုက်မိစေမည့်ပြသနာကို စမွှေးတဲ့မီးတောက်ငယ်။ ရင်ဘတ်ကလေးကို အသာပြန်ဖိလိုက်၏။
" နာမည်က ဂျီမင်း
ကားဝပ်ရှော့မေးတုန်းက တစ်ခါတွေ့ဖူးတယ် "
" အိုး ဟုတ်သားပဲ ကလေးက ဉာဏ်ကောင်းသားပဲ "
" ဒါပေါ့ "
လွန်ခဲ့တဲ့လေးလလောက်ကကိစ္စအား အတိအကျမှတ်မိနေတာ မရိုးမှန်းသိသာပါသည်။ ဖြေပြီးခါမှ ရှက်နေခဲ့သော်လည်း ဉာဏ်ကောင်းသည်ဟု သူ့ဘက်ကအရင်လမ်းကြောင်းပေးလာသဖြင့် ကိုယ့်ဘက်ကလည်း ပြန်ဖောရှောလိုက်ရသည်။ စကားပြောတာတော်လို့ တစ်မှတ်ပေးလိုက်ဦးမယ်။ အားလုံးပေါင်း တစ်ရာ့တစ်မှတ်။
" ဘာမှာမလဲ လမ်းညွှန်ပေးထားတဲ့ကျေးဇူးနဲ့ ကိုယ်တိုက်ပါ့မယ် "
" ရပါတယ် မေမေက သူများပေးတိုင်း လွယ်လွယ်လက်မခံရဘူးလို့ မှာထားတယ် "
အဟက်! ရယ်လိုက်တာ ယုန်သွားတွေအပြင် ပါးချိုင့်ပါးပါးလေးလည်း မြင်လိုက်ရတော့ ဂျီမင်းစိတ်တိုသွားသည်။ သူထပ်ပြီး ပိုကြိုက်မိပြန်ပြီလေ!
" ဘာရီတာလဲဗျ! "
" ဘာမှမဟုတ်ပါဘူး အဟမ်း.. ဘာမှာမလဲ ဒါဆို "
ကော်ဖီမှာပြီး မရသေးခင် ဂျီမင်း အင်တာဗျူးမသိသာလုပ်ဖို့ ကြံစည်တော့သည်။
" ဦး.. အမ်း ဦးကို အရင်က ဒီဆိုင်မှာ မတွေ့ဖူးပါဘူး "
" ဟုတ်တယ် ဒီဆိုင်က ကိုယ့်ညီမလေးဆိုင်လေ ဒီရက်ပိုင်း နည်းနည်းပျင်းတာနဲ့ ဒီကို လာဖြစ်နေတာ ချာတိတ်ကရော ဒီကို ခဏခဏလာတာလား "
" လာတာပေါ့ "
" ဒီဆိုင်က လက်ရာတော်တော်ကောင်းတယ်လေ ကျွန်တော် ဆိုင်အတော်များများသောက်ဖူးတယ် ဒီဆိုင်လက်ရာသောက်ပြီးတော့မှ တခြားဆိုင်ထပ်မပြောင်းဖြစ်တော့တာ "
စူးစမ်းသလို ကြည့်လာတော့ ဂျီမင်းက မနေနိုင်မထိုင်နိုင် အတွေးချော်သွားပြီး ပြာပြာသလဲပြန်ဖြေရှင်းမိသည်။ တစ်ဖက်လူကတော့ မည်သို့အဓိပ္ပါယ်နှင့်ကြည့်သလဲ သူမသိ။ သေချာပေါက်ကို အထင်လွဲမှာစိုး၍ သူဖြေရှင်းတဲ့ကြားက ထင်ဖြစ်အောင်ထင်သွားသေးသည်။
" အော်... ဆိုင်ရှင်လှလို့ ကော်ဖီကောင်းတာ မဟုတ်ဘူးလား "
" ချောတာ လှတာနဲ့ သူဘာလုပ်လုပ်ကောင်းစရာလားဗျ ဒါပေမယ့်လေ ဦးဆိုရင်တော့ ဖြစ်နိုင်တယ် "
မှာထားတဲ့ကော်ဖီလည်းရပြီမို့ ကော်ဖီကိုယူကာ လှည့်ထွက်ရန်နောက်ဆုတ်ရင်း မျက်လုံးတစ်ဖက်မှတ်ပြကာ ထိုစကားအား ပြောခဲ့ခြင်း။ မတတ်နိုင် တစ်ခါ တစ်ခါတွေ့ရဖို့ မသေချာတဲ့ကြား ခက်ခဲလှတော့လည်း တွေ့တုန်းတွေ့ခိုက် ရင်ထဲတဖြည်းဖြည်းစွဲစေပြီး တိုးဝင်လိုက်မည်။ ဆိုင်သူတော့ မရှိကောင်းပါရဲ့...။
YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 02 💌
Start from the beginning
