" ဘယ်တစ်ခုကို အရင်ဖြေရမလဲ "

ဦးက သူ့အမေးကြောင့် မျက်ခုံးပင့်ကာ ခဏကြောင့်ကြည့်ပြီးမှ အသာလေးပြုံးပြီး နာမည်ကိုအရင်ဖြေပေးဖို့ ပြောလာသည်။ အဲ့ဒီအပြုံးက ပိုပိုပြီးကြိုက်မိစေမည့်ပြသနာကို စမွှေးတဲ့မီးတောက်ငယ်။ ရင်ဘတ်ကလေးကို အသာပြန်ဖိလိုက်၏။

" နာမည်က ဂျီမင်း
ကားဝပ်ရှော့မေးတုန်းက တစ်ခါတွေ့ဖူးတယ် "

" အိုး ဟုတ်သားပဲ ကလေးက ဉာဏ်ကောင်းသားပဲ "

" ဒါပေါ့ "

လွန်ခဲ့တဲ့လေးလလောက်ကကိစ္စအား အတိအကျမှတ်မိနေတာ မရိုးမှန်းသိသာပါသည်။ ဖြေပြီးခါမှ ရှက်နေခဲ့သော်လည်း ဉာဏ်ကောင်းသည်ဟု သူ့ဘက်ကအရင်လမ်းကြောင်းပေးလာသဖြင့် ကိုယ့်ဘက်ကလည်း ပြန်ဖောရှောလိုက်ရသည်။ စကားပြောတာတော်လို့ တစ်မှတ်ပေးလိုက်ဦးမယ်။ အားလုံးပေါင်း တစ်ရာ့တစ်မှတ်။

" ဘာမှာမလဲ လမ်းညွှန်ပေးထားတဲ့ကျေးဇူးနဲ့ ကိုယ်တိုက်ပါ့မယ် "

" ရပါတယ် မေမေက သူများပေးတိုင်း လွယ်လွယ်လက်မခံရဘူးလို့ မှာထားတယ် "

အဟက်! ရယ်လိုက်တာ ယုန်သွားတွေအပြင် ပါးချိုင့်ပါးပါးလေးလည်း မြင်လိုက်ရတော့ ဂျီမင်းစိတ်တိုသွားသည်။ သူထပ်ပြီး ပိုကြိုက်မိပြန်ပြီလေ!

" ဘာရီတာလဲဗျ! "

" ဘာမှမဟုတ်ပါဘူး အဟမ်း.. ဘာမှာမလဲ ဒါဆို "

ကော်ဖီမှာပြီး မရသေးခင် ဂျီမင်း အင်တာဗျူးမသိသာလုပ်ဖို့ ကြံစည်တော့သည်။

" ဦး.. အမ်း ဦးကို အရင်က ဒီဆိုင်မှာ မတွေ့ဖူးပါဘူး "

" ဟုတ်တယ် ဒီဆိုင်က ကိုယ့်ညီမလေးဆိုင်လေ ဒီရက်ပိုင်း နည်းနည်းပျင်းတာနဲ့ ဒီကို လာဖြစ်နေတာ ချာတိတ်ကရော ဒီကို ခဏခဏလာတာလား "

" လာတာပေါ့ "
" ဒီဆိုင်က လက်ရာတော်တော်ကောင်းတယ်လေ ကျွန်တော် ဆိုင်အတော်များများသောက်ဖူးတယ် ဒီဆိုင်လက်ရာသောက်ပြီးတော့မှ တခြားဆိုင်ထပ်မပြောင်းဖြစ်တော့တာ "

ဦးDonde viven las historias. Descúbrelo ahora