မေမေက ဘာမှပြန်မပြောတော့ဘဲ တခစ်ခစ်ရယ်ကာ အခန်းထဲကပြန်ထွက်သွားခဲ့သည်။ တကယ်ပါပဲ! အမေလေးတစ်ယောက်ရှိပါတယ် သားဖြစ်တဲ့ ကြေကွဲလူငယ်လေးကို ဖေးမမယ်မရှိဘူး။
တစ်ပတ်လောက်ကြာတော့ ဂျီမင်းဘဝကြီး ပုံမှန်ပြန်လည်ပတ်လာခဲ့သည်။ ပျောက်သောသူ ကြာရင်မေ့လို့ပဲ မှတ်လိုက်တော့မည်။ ရှာလို့လည်း တွေ့မှမတွေ့တာ။
တကယ်တော့ ပျောက်သွားတဲ့အရာတွေက မရှာတော့ဘဲ မေ့လုခါနီးအချိန်တွေမှာ ပြန်ရှာတွေ့တတ်ကြောင်းကို နောက်ထပ်တစ်လကြာတဲ့အခါမှာ ဂျီမင်းသိခဲ့ရသည်။ ပုံဆွဲပြီး ညနေ နေဝင်စအချိန်တွင် ရပ်ကွက်ထဲက ကော်ဖီဆိုင်လေးသို့ ဂျီမင်းထွက်လာခဲ့သည်။ ကော်ဖီအေးလေးနှင့် ခေါက်ဆွဲကြော်စပ်စပ်ကလေးစားချင်ပါသည်ဟု ပါးစပ်စောင့်နတ်က တောင့်တလာသဖြင့် မာတာမိခင်ကို ချော့မော့ပြီး ထွက်လာရခြင်းဖြစ်သည်။
ကော်ဖီဆိုင်၏ကောင်တာမှာ ထိုင်နေသူက မရှာတော့မှ ပြန်တွေ့ရသောသူ တစ်မိုးအောက် တစ်စုံတစ်ဦးပင်။ စတွေ့တွေ့ချင် ရင်ဘတ်က ဆောင့်ချက်သည် ဦးနှောက်အထိတက်ဆောင့်၏။ ချက်ချင်း ပျော်သွားသော်လည်း ပြန်ပျောက်သွားမည်ဟုပဲ ထင်နေသဖြင့် ဂျီမင်းလှည့်ပြန်ချင်သွားသည်။
" ကောင်လေးလား "
ဂျီမင်း မကြားချင်ယောင်ဆောင်ကာ လှည့်ပဲပြန်ရမလား လူကိုပဲ မသိချင်ယောင်ဆောင်ကာ ကော်ဖီဝယ်ရမလား ဝေခွဲမရ ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြင့် ရပ်နေမိသည်။
" မျက်မှန်လေးနဲ့ ချာတိတ် "
" ကျွန်တော့်ကိုပြောတာလား "
ဆိုင်ထဲတွင် လူအနည်းငယ်ရှိနေသဖြင့် ထိုမေးခွန်းက သူ့အတွက်ကြောင်နေခဲ့ပေမယ့် တစ်ဖက်လူကတော့ အဖြေပြန်ပေးလာ၏။
" အင်း... မင်း "
ဂျီမင်း ကောင်တာနားသို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်ရင်း
" ကျွန်တော့်နာမည် ကောင်လေးလည်းမဟုတ်သလို ချာတိတ်လည်း မဟုတ်ဘူးဗျ "
" နာမည်ပြောပြလေ ကိုယ်မှတ်ထားမှာပေါ့
ဒါနဲ့လေ ကိုယ်တို့ တစ်ခါတွေ့ဖူးတယ်မလား "
YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။
💌 02 💌
Start from the beginning
