" သားဘဝကို မေမေကဘာလို့ထိန်းချုပ်ရမှာလဲ သားဘဝ သားစိတ်ကြိုက်နေပေါ့ မေမေ့မှာက မွေးပေး ကျွေးပေးရတဲ့တာဝန်ပဲရှိတာ ပြီးတော့ ချစ်ပေးရမယ့်တာဝန်ရောပေါ့ "

" အဲ့ဒါတွေကြောင့် အမျိုးသမီးပက်ကို တုန်နေအောင် ချစ်ရတာ နော် သိလား သိလားဗျ "

" ပြဦး ဘယ်နားတုန်တာလဲလို့ "

" ဟာ မေမေကလည်း နှလုံးသားလေး တုန်ခုန်နေတာလေဗျာ "

ထိုနေ့ပြီးတော့ ဦးကို သူစွဲလန်းသွားတာ ဝန်ခံရပေလိမ့်မည်။ တစ်လကနေ နှစ်လကြာသည်အထိ ရပ်ကွက်ထဲ သွားရင်းလာရင်းရှာမိသော်လည်း လုံးဝမတွေ့တော့တာကြောင့် မတတ်နိုင်စွာ လက်လျှော့လိုက်ရတော့သည်။ ရေစက်ကုန်ကြပြီပေါ့လေ။

ဂျီမင်းပုံဆွဲပေးနေရတဲ့ကုမ္ပဏီသည် ဆေးဝါးနှင့် စားသောက်ကုန်ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည်။ အရေးတကြီး ပစ္စည်းသစ်ထုတ်ဖို့အတွက် Urgent ပုံတစ်ပုံဆွဲရမည်ဖြစ်တာကြောင့် ကုမ္ပဏီသို့ အစည်းအဝေးလာခဲ့ရသည်။ တစ်နေ့လုံး meeting ထိုင်ပြီး ညနေ ၄ နာရီခွဲမှ အိမ်ပြန်ရသည်။

ကုမ္ပဏီကအထွက် သူတွေ့လိုက်ရတာက ဂျီမင်းအား ဦးနှောက်အထိပါ ရင်ခုန်တုန်လှုပ်စေပါသော ဦးစိုးမိုးနိုင်..။ ရေစက်က မကုန်သေးဘူးထင်ပါတယ်။ တစ်ကြိမ်တွေ့ရင် မတော်တဆ၊ နှစ်ကြိမ်မြောက်တွေ့ရင် တိုက်ဆိုင်မှု၊ သုံးကြိမ်မြောက်ကတော့ ဖူးစာတဲ့လေ။ ကျွန်တော်တို့ ဖူးစာများဖြစ်ကြမလား သိချင်မိပါရဲ့။

******^^^****

Zawgyi Code

မနက်ခင်းဟာ ကြည်လင်တဲ့ကောင်းကင်နဲ့ နူးညံ့တဲ့နံနက်ခင်းလေပြည်လေးရယ်နဲ့ သူ့ဟာနှင့်သူ သာယာတဲ့မနက်ခင်းတစ်ခုရယ်ပါလို့ ပေါ်လွင်နေသည်။ မနက်ခင်းနေရောင်ခြည်နွေးနွေးက အိပ်နေသူကို နိုးထစေချင်ပုံပင်။ မျက်နှာပေါ်သို့ တိုက်ရိုက်ကျလာတော့သည်။

" မေမေကတော့ လုပ်ပြန်ပါပြီ...ဒီမှာ အိပ်မက်ကလေး ကောင်းနေတဲ့ဟာကို "

ဂျီမင်းမေမေသည် မနက်နေမထွက်ခင်ကပင် အိပ်ယာထတတ်ကာ ဂျီမင်းအခန်း၏ ပြတင်းလိုက်ကာကို အမြဲလာတင်ထားတတ်သည်။ သူနှိုးစရာမလိုဘဲ နေရောင်ကျတာနဲ့ သူ့သားနိုးမည်ဖြစ်ကြောင်းကို သေချာသိနေသူဖြစ်သည်။

ဦးWhere stories live. Discover now