ထို့နောက် ရေမွှေးနံ့သင်းသင်း၊ စမတ်ကျကျဝတ်ထားသည့် စတိုင်ပင်ဘောင်းဘီ၊ ရှူးဖိနပ်တို့ဖြင့် ခန့်ညားလှသော မျက်စိရှေ့ကအမျိုးသားကို ရင်ခုန်သွားတော့သည်။

" ကောင်လေး! ကိုယ်လမ်းမေးချင်လို့ပါ "

" ဟုတ် မေးပါဗျ "

" ဒီနားမှာ ကားဝပ်ရှော့ဘယ်လမ်းမှာရှိလဲ ကိုယ်က ခုတလောမှ ဒီနားကို အိမ်ပြောင်းလာတာမို့ မသိလို့လေ အခု ကားကပြသနာတစ်ခုခု ရှိနေလို့ "

" အော် ဟုတ် ဟိုးဘက် နှစ်လမ်းကျော်မှာ ရှိတယ်ဗျ "

" ခုချိန်ဖွင့်လောက်သေးလား "

" ဖွင့်မယ်ထင်တယ်ဗျ သူက ဆယ်နာရီလောက်မှ ပိတ်တာထင်တယ် "

" အိုခေ ကျေးဇူးနော် ချာတိတ် "

" ရ..ရပါတယ်.... ဦး "

ဦးလို့ ခေါ်လိုက်မိလို့လားမသိ၊ တစ်ချက်ပြန်လှည့်ကြည့်ကာ ပြုံးပြပြီးပြန်လှည့်သွား၏။ ခုနက လူကိုငမ်းနေတာနဲ့ ကားကိုမကြည့်လိုက်ရဘူး။ အခုကြည့်မိတော့မှ Range Rover နောက်ဆုံးပေါ်ဖြစ်နေ၍ ဝပ်ရှော့နေရာကို ကိုယ်တိုင်ကိုယ်ကျ လိုက်မပြလိုက်ရကောင်းလားဟု ကိုယ့်ကိုယ်ကိုယ်အားမရဖြစ်မိတော့သည်။

ကားမမောင်းတတ်လို့ ကားမဝယ်ဖြစ်ပေမယ့် ကားလှလှလေးတွေဆို ကြည့်ရတာနဲ့တင် ဂျီမင်းပျော်နေတတ်သည်။ စီးရမယ်ဆိုလည်း စီးချင်သား။ ဦးမောင်းတာလေးစီးရရင် မဆိုးလှဘူး။ ဂျီမင်းကိုယ့်အတွေးကို ရယ်မိတော့သည်။ ရှိပါစေတော့ နောက်တစ်ခေါက်တွေ့ချင်မှလည်း တွေ့ရမှာ။ အိမ်မှာ မေမေမျှော်နေရော့မယ်။

ဂျီမင်းသည် တစ်နေ့တာဖြစ်ပျက်သမျှ အိမ်ရောက်လျှင် တစ်ခုမကျန် ပြန်ပြောပြတတ်တာကြောင့် ဦးအကြောင်းကို ဦးကိုစတွေ့ကတည်းက မေမေသိပြီးဖြစ်သည်။

" မေမေဘယ်လိုနေလဲ ကျွန်တော်လေ ယောက်ျားလေးမှ မိန်းကလေးမှမဟုတ်ဘဲ အဲ့ဒီဦးကို ရင်ခုန်သွားတော့လေ ချစ်မိတာလား ဘာလဲတော့မသိသေးပေမယ့် "

ဦးWhere stories live. Discover now