" မင်းလိုက်နေတာကြာပြီ သားကပဲ အဖြစ်မရှိတာလား သူကပဲ တရားလွန်ချေမိုးနေသလား ချေစရာဘာအကြောင်းရှိသလဲ မေ့သားလေး ဒီလောက်ချောတာကို "

" မပူနဲ့ အမျိုးသမီးပက်ရေ အချိန်တန်ရင် သူက မေ့သားမက်ဖြစ်ကို ဖြစ်လာမှာ "

ဟုတ်ပါ၏။ သားမက်ရမည်ဖြစ်ကြောင်း စသိကတည်းက မေမေဟာ မကန့်ကွက်ခဲ့ဘဲ တစ်ဦးတည်းသောသားလေး၏အလိုကျ ဖြစ်စေခဲ့သည်။ သားလေးသာပျော်မယ်ဆို သူလည်းပျော်သည်လေ။

" လေမကြီးနဲ့ ပက်ဂျီမင်းရေ
အဲ့အရွယ်ကြီးက ငါ့မောင် နင့်ဦးလေးအရွယ်ကြီး သားမက်တော်ရမယ်ဆိုတဲ့အတွေးနဲ့တင် ကြက်သီးထတယ် သွား သွား "

နှင်လွှတ်နေသူအား အတင်းဖက်နမ်းတော့ ရိုက်လွှတ်သည်။ ဒီလိုပါပဲ သားအမိနှစ်ယောက်ရဲ့နေ့စဉ်ဘဝလေးက အပူပင် ခပ်ကင်းကင်းပါပဲ။

< လွန်ခဲ့သောတစ်နှစ်ခန့် >

" ကောင်လေး ဟိတ် "

ည ၈ နာရှိအချိန် အိမ်ပြန်လမ်းက လူပြတ်တာကြောင့် ဂျီမင်း ကြောက်ကြောက်ဖြင့် မြန်မြန်လျှောက်နေတုန်း ခေါ်သံကြားလိုက်ရ၏။ မထူးချင်ပါ၊ လူဆိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ သူ့များ မကြောက်ဘူးထင်နေလားမသိ။ မကြားယောင်ဆောင်ကာ ခြေလှမ်းအရှိန်ကို ထပ်တင်လိုက်သည်။

သို့​သော်...

" ဟိုမျက်မှန်လေးနဲ့ ကောင်လေး "

" ဗျာ "

အတိအကျထပ်ခေါ်လာတဲ့အခါ မကြားလို့မဖြစ်တော့တာကြောင့် ကြားလိုက်ရတော့သည်။ အလိုမကျဟန်မျက်နှာထားဖြင့် တစ်ဖက်လူကို အရိပ်ကဲနားမလည်ဘူးလားဟူသည့်အကြည့်နဲ့ကြည့်ရန် လှည့်လိုက်စဉ် ဂျီမင်းနောင်တရသွားသည်။ စခေါ်ကတည်းက လှည့်မကြည့်မိသည့်အတွက်။

ဆံပင်ရှည်တွေနဲ့ဖြစ်သော်လည်း နဖူးတွင် ဆံပင်တစ်မျှင်ပင် ကျမနေအောင် လှန်တင်ထားပုံက ဂျီမင်းရင်ကို တစ်ချက်ဆောင့်၏။ ရှပ်လက်ရှည်အဖြူကို လက်ခေါက်တင်ထား၍ လက်ဖျံတစ်လျှောက်က ပေါ်နေသော တက်တူးလှလှတွေက ဂျီမင်းရင်ကို နောက်တစ်ချက်ထပ်ဆောင့်၏။

ဦးWhere stories live. Discover now