1 U/Z

25.9K 148 7
                                        

Uni

"အချစ်သင့်သူ"

"အပိုင်း ၁"

ဒီကနေ့က မောင်နှင့် ခင်သီရိချစ်ဆိုသော သူမတို့ နှစ်ယောက်၏ လက်ထပ်ထိမ်းမြားသည့် နေ့ဖြစ်သည်။ မောင့်၏ မေမေသည် သဘောမတူဘူးဟု ဆိုကာ မင်္ဂလာပွဲသို့ ရောက်မလာခဲ့ပေ။ မင်္ဂလာပွဲသည် ခင်သီရိတို့၏ မြို့လေးတွင်သာ ကျင်းပခဲ့ပြီး မောင် နှင့် ခင်သီရိတို့ နှစ်ယောက် ပြုံးပျော်ကြည်နူးခဲ့ရသည်။

ခင်သီရိသည် တွံတေးသူ ဖြစ်ပြီး သူမက ချစ်စနိုးဖြင့် မောင်ဟု ခေါ်သော သတိုးမြတ်ခေါင်သည် ရန်ကုန်သားတစ်ယောက်ဖြစ်သည်။ သူသည် ဆရာဝန်တစ်ဦးဖြစ်သည်။ သူသည် တွံတေးမြို့ ပြည်သူ ဆေးရုံကြီးတွင် တာဝန်ကျပြီး ခင်သီရိချစ်သည် တွံတေးဈေးကြီးတွင်းမှာ အသား/ငါး အရောင်းဆိုင်လေး ဖွင့်ထားသည့် မိန်းမငယ်လေး တစ်ဦးဖြစ်သည်။ မပြည့်စုံသည် မောင်နှမတွေကြားမှာ သူမသည် အစ်မကြီး အမိရာ ပီသအောင် နေခဲ့ပြခဲ့ပြီး မိခင်အိုကြီးကို အသား/ငါး ရောင်း၍ ရသော ငွေဖြင့် ပြုစုစောင့်ရှောက်သ နေသော မိန်းကလေးဖြစ်သည်။

ထိုကဲ့သို့သော မိန်းကလေးနှင့် ဆရာဝန်ကိုလူချောတို့ ချစ်ကြိုက်ပေါင်းဖက်ကြသည့်မှာ မြင်ရကြားရသူတို့ အတွက် အထူးအဆန်းဖြစ်နေခဲ့လေသည်။ တွံတေးမြို့လေးရှိ ခင်သီရိချစ်တို့ အိမ်လေးမှာသာ သတိုးဘုန်းမြတ်နှင့် ခင်သီရိတို့ အကျဥ်းချုံးလက်ထပ်လိုက်ပြီး ဘဝတစ်ခုကို စတင်ကြလေသည်။
~~~~~~~~~~~~~~~~~~~~~~~~

အိမ်ထောင်ရှင်မ ဘဝကို ရောက်လာခဲ့ရသော ခင်သီရိချစ် ဟုခေါ်သော ချစ်ချစ်သည် မိခင်ကြီး နှင့် မောင်နှမ နှစ်ဦး၏ ဝေယျာဝေစ္စကို လစ်ဟင်းမှု မရှိအောင် လုပ်ခဲ့သည့် အပြင် ခင်ပွန်းဖြစ်သူ၏ ဝေယျာဝေစ္စတွေပါ လုပ်ကိုင်ပေးလာရသည်။ မနက်ခင်း ၄နာရီမထိုးခင် စောစောအိပ်ရာမှ ထ၍  ထမင်းဟင်းများ ချက်ပြုတ်ကာ ခင်ပွန်းနှင့် မောင်လေး ညီမလေးများအတွက် ထမင်းချိုင့် စီးမံပေးရသည်။ အားလုံးပြီးပြီဆိုမှ မနေ့က ညနေကတည်းက မြစ်ဆိပ်လှေသမားတွေဆီမှ ဝယ်ထားသည့် ငါးများကို ငါးထည့်သည့် ပုံးထဲထည့်၍ သုံးဘီးဆိုင်ကယ်လေးပေါ်တင်လိုက်သည်။ ပြီးမှ မောင် အိပ်နေသည့် အိပ်ခန်းဆီ ဝင်ခဲ့ပြီး

အချစ်သင့်သူStories to obsess over. Discover now