part 11

32 8 0
                                    

      "တစ်ယောက်ယောက်နဲ့တွေ့လာတာလား။" အဘိုးအို၏အမေးကြောင့် ကြိုးထုံးကိုဖြည်နေသည့် ကြာရွက်လေး၏လှုပ်ရှားမှုများက ခေတ္တခဏ တုန့်ဆိုင်းသွားသည်။ သူမ၏ပုံစံမှာ ခါတိုင်းနှင့်မတူဘဲ ကွဲပြားနေကြောင်းကို အဘိုးက အကြည့်တစ်ချက်ထဲနှင့်ပင် သတိထားမိသွားပုံရ၏။

       ပြောင်းလဲမှုကြီးကြီးမားမားရယ်လို့ မရှိပေမယ့် အဘိုးအိုသည် ကြာရွက်၏ စိတ်အခြေအနေက အရင်နေ့တွေကလိုမျိုး ထိုင်းမှိုင်းမနေတာကို ရှင်းရှင်းလင်းလင်းကြီး မြင်နေရသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။ ယောင်ယောင်လေးတွန့်ကွေးနေသော နှုတ်ခမ်းထောင့်စွန်းတို့ကို အတင်းဖိနှိပ်လိုက်ပြီးနောက် ကြာရွက်သည် ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူမအနေနှင့် မုသားမဆိုဖို့ သင်ကြားထားခြင်းခံရလေရာ သေးသေးမွှားမွှားလေးပင်ဖြစ်လင့်ကစား မလိမ်ညာတတ်ပေ။ ဟုတ်သည်။ သူမ ယနေ့ တစ်စုံတစ်ယောက်နှင့် တကယ်ပင် တွေ့ခဲ့သည်။

    ကြာရွက်၏အဖြေကို အဘိုးအိုက သဘောကျပုံမရ။ ချက်ချင်းပင် မျက်နှာကြီး တည်တင်းသွားကာ မည်းမှောင်လာတော့သည်။

    "ဘယ်သူနဲ့လဲ။" ဒီရပ်ရွာဝန်းကျင်တွင် ဒီကလေးနှင့် ပတ်သတ်လိုသူ ရှိလိမ့်မည်ဟုမထင်ပါ။

    "ငန်းဖြူလေးတစ်ကောင်။" လိမ်ညာမုသားပြောလို့မဖြစ်ပေမယ့် အမှန်တရားကိုထိန်ချိန်ထားလို့တော့ရသေးသည်လေ။ ကြာရွက်သည် သူမ ယနေ့တွေ့မြင်ခဲ့ရသည့် ငန်းဖြူလေးအား အခြားလူများ သိသွားမှာကို တကယ်မလိုလားပေ။ ကလေးလေးက လွန်စွာမှ ချစ်ဖို့ကောင်းသည်။ သူမ၏အဘိုးကတော့ ထိုအရာကို အန္တရာယ်များသည်ဟု သတ်မှတ်ပြီး ဖယ်ရှားပစ်လိုက်မှာစိုးရိမ်သောကြောင့်ဖြစ်သည်။

    ထို့နောက်တွင်တော့ အဘိုးအိုက အံ့အားသင့်သွားပုံရကာ ဘာစကားမှထပ်မပြောလာတော့ပေ။ ဝါးကုလားထိုင်တွင်ထိုင်ကာ မျက်လုံးကြီးပြူးရင်း တစ်စုံတစ်ရာကို စဉ်းစားနေပုံရ၏။ သူ့အာရုံနှင့်သူ အလုပ်ရှုပ်နေစဉ် ကြာရွက်လည်း အဘိုးအို၏မျက်စိအောက်ကနေ လစ်ထွက်လာခဲ့လိုက်တော့သည်။ အဘိုးအိုကတော့ ငန်းဖြူရွာတွင် ငန်းဖြူတစ်ကောင်ပေါ်ထွက်လာသည့်အကြောင်းကို မယုံကြည်နိုင်သလိုမျိုး ခပ်တိုးတိုး ရေရွတ်လို့နေသည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now