"အချစ်လို့ခေါ်သလား..."ငယ်စဥ်အခါထဲက မွေးစားမိဘတွေနဲ့သာနေခဲ့ရပီး အကြင်နာတွေအပြည့်ရခဲ့ပေမဲ့ စစ်မှန်တဲ့မိဘရင်းတွေကို အမြဲတောင်းတနေခဲ့မိတယ် ။ အဲ့အချိန်ကျမအသက်အရွယ်ဟာ ဆယ်ကျော်သက်ဆိုတဲ့ ရင်ခုန်တတ်စအရွယ်။ မွေးစားအဖေနဲ့အမေဟာမကြာခနရန်ဖစ်တတ်ကြလို့ ကျမအမြဲငိုခဲ့ရတယ် ။
အဲ့ချိန်က ကျမမှာ ချစ်စရာမောင်လေးအရွယ် ကူးဆိုတဲ့ အိမ်နီးချင်းလေးတယောက်ရှိခဲ့တယ်...တကယ်ကိုကူးဟာ ကျမအတွက်အမြဲကိုရှိေပးခဲ့တာ ငိုနေချိန်တွေမှာ နှစ်သိမ့်ပေးခဲ့ပီး ကလေးတယောက်အရွယ်နဲ့မမျှအောင် ကူးဟာရင့်ကျက်နေခဲ့တယ် ။ ဒီနေ့လဲ အဖေနဲ့အမေကရန်ဖစ်ကြပြန်ပီမို့ ငိုနေကျ ခြံရှေ့သစ်ပင်အောက်လေးသွားကာ ထိုင်ငိုနေမိတယ်....
"မမ ဂျယ်ရီ..."
မျက်နှာကို လက်ဖဝါးတွေဖြင့်အုံ့ကာငိုနေခဲ့ပေမဲ့ ကြားလိုက်ရတဲ့အသံဟာ တကူးတက လက်တွေဖယ်ပီး မော့ကြည့်စရာမလိုအောင် အလိုက်သိတဲ့ကလေးလေးဆိုတာ ကျမတန်းသိခဲ့တယ်...
"ဦးဦးတို့ရန်ဖစ်ပြန်ပီလား မမ..."
ဒီချိန်မာစကားတွေမပြောချင်၍ ခေါင်းကိုသာ အသာငြိမ့်ပြလိုက်တော့ ကူးကသူ၏လက်လေးတွေနဲ့ ကျောတွေပေါ် ပွတ်သပ်ပေးနေခဲ့တယ် ဒါဝမ်းမနည်းပါနဲ့လို့ အသံတိတ်သူချော့ခဲ့တာပေါ့ တကယ် အဲ့တုန်းက ကူးအသက်က ဆယ့်သုံးနှစ်နှစ်သာသာ ပဲရှိသေးတာ တကယ်ကိုကလေးလေးပါ....
"မငိုပါနဲ့... ကျတော်နဲ့လိုက်နေမလားဟင် မမငိုရင် ကျတော်လဲငိုချင်လာရော...မငိုပါနဲ့နော်.. မမ နော်... "
မငိုပါနဲ့နော်ဆိုတဲ့စကားသံမှာ ဒီကလေးရှိုက်သံပါနေခဲ့ပီ ။ အမြဲတမ်းပါပဲ ကူးကသူပဲချော့ပီး ပီးရင် သူပဲငိုနေခဲ့တာ။
ကူးငိုနေပီဆိုတာသိလိုက်ပီမို့ မျက်ရည်တွေအားခြောက်အောင်သုတ်ရင်း ကူးကိုကြည့်လိုက်လေတော့ ကလေးပေါက်က ငိုတာများနှပ်တွေပါထွက်နေပီ ။
"ကူး ကြည့်မမကို....ဒီမာတွေ့လား ဘာမျက်ရည်မှမရှိတော့ဘူး...."
"ဟင့် မမက သုတ်လိုက်တာကို... "
![](https://img.wattpad.com/cover/361930914-288-k876624.jpg)