လွမ်းတတ်မှန်းသိရက်နဲ့🥀 18

665 48 8
                                    


"ကူး ဒီရက်ထဲမာပဲ ဖိလစ်ပိုင်ဘက်ကို ခရီးထွက်ရမယ်ထင်တယ်... "

ဂျယ်ရီသည် ရုံးခန်းအတွင်းကွန်ပျူတာတလုံးဖြင့်အလုပ်ရှုပ်နေသူCEO ဂျွန်အား ဖိုင်စာရွက်တရွက် သူ၏ရှေ့သို့ ချပေးရင်းမှပြောလိုက်သည်ဆိုလျှင်ပင် ဂျွန်၏ မျက်ခုံးတွေသည်ချက်ချင်းတွန့်ကွေးကုန်ကာ အလိုမကျဟန်ဖြင့်ကြည့်လာခဲ့သည်။

"ဘာအတွက်လဲ..."

"ဒီတခါ ရှယ်ယာရှင်က ဖိလစ်ပိုင်ကတကယ့်ဒိတ်ဒိတ်ကြဲသူဌေးမို့ လုံးဝလက်မလွှတ်သင့်တာရယ် ဖိလစ်ပိုင်ဘက်က ကုမ်ပဏီမှာ လက်ရှိလစ်နေတဲ့ ရုံးခန်းကို ကူးက ဦးဆောင်ပေးရမာမို့ ဒီတခါတော့ လူကိုယ်တိုင်သွားရမာပဲကူး..."

"ကျစ်...အဲ့တာအကိုယွန်းဂီနဲ့ဆိုင်တာလေ ဖိလစ်ပိုင်ဘက်ကရုံးခွဲကိုသူဦးဆောင်ရမာပေါ့မမဂျယ်ရီ ဘာလို့ ကျတော်လဲ.."

ဖိလစ်ပိုင်ဘက်ကရုံးခွဲမှန်သမျှကိုဖေဖေဟာအကိုယွန်းဂီအားလွဲပြောင်းပေးခဲ့တာမို့ ဒါသည်ကိုနဲ့လုံးဝမသက်ဆိုင်တာမျိုးမဟုတ်ပေမဲ့ လူကိုယ်တိုင်သွားရောက်ဦးဆောင်ပေးဖို့အထိတော့ မလိုအပ်ပါ..ကိုကိုနဲ့သားသားက
လဲရှိသေးတာမို့ခုချိန်မာခရီးဝေးဆို အိမ်နဲ့ကုမ်ပဏီလောက်တောင်သွားချင်တာမဟုတ်...

"ဟင်း..."

ဂျယ်ရီသည် သက်ပြင်းတချက်ချ၍
ဖိုင်စာရွက်အားယူကာ ဂျွန်ရှေ့ရှိလွတ်နေသောခုံတွင်ခြေထောက်တွေအားကြွကြွရွရွချိတ်ကာဝင်ထိုင်လိုက်သည်။

"ယွန်းဂီက ဘယ်တွေခရီးလွန်နေမှန်းတောင်မသိဘူးကူး သူပြန်လာမဲ့အချိန်ကိုသာစောင့်ပီးအလုပ်လုပ်ရမယ်ဆို ဖိလစ်ပိုင်ဘက်က ကုမ်ပဏီတွေပိတ်လိုက်ရတာကြာပီ...."

"ကိုကိုနဲ့သားသားကိုထားပီးလဲ အကြာကြီးမသွားနိုင်ဘူးမမဂျယ်ရီ...ceoနေရာလောက်ထိသွားပီးလုပ်ရမာမို့ တစ်လ ကတော့အနည်းဆုံးကြာမာပဲ ဒါတောင်အကိုယွန်းဂီပြန်လာမှပြန်လာလို့ရမာ..."

"ဒါမဲ့... ဒါတွေကမင်းဖေဖေရဲ့နောက်ဆုံးထွက်သက်ထိ ကြိုးစားခဲ့ရတဲ့အရာတွေနော်ကူး.."

ဖေဖေဟာသူ၏ငယ်ရွယ်ချိန်မှစ သေဆုံးသည့်အချိန်ထိ မနားမနေကြိုးစားခဲ့ရတာကို ကျတော်မေ့နေတာမဟုတ်ပါဘူး။ ဖေဖေ့တုန်းကလဲ ဒီလိုကုမ်ပဏီအလုပ်တွေနဲ့ပဲအချိန်ကုန်ကာ မိသားစုကိုအရေးမပေးနိုင်ခဲ့တာတွေ မိသားစုဆိုတာဘယ်လိုနွေးထွေးမှုပေးနိုင်မှန်းမသိခဲ့ရတာတွေ ကြောင့် ကျတော့အလှည့်ဒီလိုတွေဖစ်လာမာကိုကြောက်တာ ။

လွမ်းတတ်မှန်းသိရက်နဲ့ 🥀Where stories live. Discover now