လွမ်းတတ်မှန်းသိရက်နဲ့ 🥀 19

539 53 25
                                    


ခါတိုင်းလိုပုံမှန်နေ့တရက်ပါပဲ ခပ်နွေးနွေးရာသီဥတုရယ် ကော်ဖီပူပူတခွက်ရယ် ခေါင်းရှုပ်စရာ ဖိုင်စာရွက်တွေ ဒေတာအချက်အလက်တွေနဲ့ အလုပ်ခုံထက်ထိုင်ကာ ကွန်ပျူတာတလုံးဖြင့် ခေါင်းကိုက်နေရတဲ့ ပုံမှန်နေ့တနေ့ပါပဲ...

အလုပ်တွေကြားခေါင်းရှုပ်လာရင် သောက်ဖို့ဖျော်ထားသောကော်ဖီခွက်အားယူကာ သောက်ရန်ကြံရွယ်မိလေတော့...

"ယောင်းကကော်ဖီမကြိုက်ဘူးဂျွန်..."

"တောက်..."

ယောင်းကကော်ဖီမကြိုက်ကြောင်းကို အေးဆေးစွာပြောနေသူနဲ့ ကိုကို့ဘေးပြုံးကာကြည့်နေသူအား အတွေးထဲပြန်မြင်မိလေတော့ကော်ဖီတွေလဲဆက်မသောက်ဖစ်တော့ဘူး ။ ဒီတနေ့ပဲမဟုတ်ဘူး အဲ့နေ့ကစ ကော်ဖီကို ယောင်လို့တောင်မသောက်ဖစ်တော့တာ...

အကဲပိုလိုက်တာ ဂျွန်ရယ်လို့ပြောချင်ရင်လဲ ဟုတ်တယ် ကျတော်ဟာ ကိုကိုနဲ့ပက်သက်ရင် အသေးအမွှားကအစ အကဲပိုလိုက်ရမှ။
အသေးအမွှားကအစ ဂရုစိုက်ပြ သဝန်တိုပြနေတာဟာ ကျတော် ကိုကို့ကို သိပ်ချစ်လို့ပါ ။
အရင်ဆုံး ဦးဦးဖျားဖျားချစ်ရသူမို့ အသေးအမွှားကအစ ကျတော်ရူးမိတာပါ...

"ယောင်း ကော်ဖီမကြိုက်တာကိုမှတ်ထားမဲ့အစား ကျတော် milo ကြိုက်တာကိုပဲ မှတ်ထားပေးပါလား ကိုကိုရယ်..."

"ဂျောင်ကု...."

အတွေးတွေထဲမျော်နေတုန်း
သုံးလေးရက်လောက်မတွေ့ရသော ဂျင်ဟျောင်းဟာ အလောတကြီးဖြင့် လူတယောက်၏ လက်ကိုလဲ ဆွဲကာ ဝင်လာခဲ့လေသည်...

"ဂျင်ဟျောင်း..."

"နောက်မှ ဂျင်ဟျောင်းလုပ် ဒီ ကိုင်ကျိုးဆိုတဲ့ကောင်ကို ဘယ်သူ ငါတို့စီရောင်းစားလိုက်တာလဲ..ဟမ်..!!!!!!"

အတင်းဆွဲလာသူအား ကျတော့်ရှေ့သို့တွန်းပို့ကာဒေါသတကြီးဆိုလာသောဂျင်ဟျောင်းကြောင့် ထိုသူကိုကြည့်မိလေတော့ အရပ်ကခပ်ရှည်ရှည် Body ခပ်မိုက်မိုက်နှင့် အောက်ပိုင်းကတော့လုံးဝအဆင်ပြေသည် ။

တကိုယ်လုံးစုန်ဆန်ကြည့်ရင်း မျက်နှာစီရောက်လေတော့ မျက်နှာကလဲအဆင်ပြေပါတယ် ။ ရယ်ပြနေတာများ ပါးချိုင့်တွေတောင်ပေါ်တဲ့အထိဆံပင်ကလဲ ဂတုံးကေနဲ့ ခပ်လန်းလန်း လေးသာဆင်ပေးလိုက်ရင် မော်ဒယ်တွေကြား တကယ်ကိုထိုးဖောက်မဲ့သူမျိုး...

လွမ်းတတ်မှန်းသိရက်နဲ့ 🥀Where stories live. Discover now