၆၀

89 10 0
                                    

အခန်း (၆၀)

၎င်းသည် ပြောင်းလဲမှု ပြီးဆုံးသွားသည့် ခံစားချက်ပင် ဖြစ်လေ၏။

ထိုခံစားချက်မှာ အရင်တုန်းက လီဟမ်ရှန်း လုံးဝကို မခံစားဖူးသော ခံစားချက်ပင် ဖြစ်ပါသည်။

သူ့ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသည့် သွေးချီစွမ်းအားများမှာ တက်လှမ်းခြင်းအဆင့်ငါးသို့ သူရောက်ကာစအချိန်တွေတုန်းကထက် ပိုမို များပြားနေခဲ့လေ၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ချီနှင့်‌သွေးများမှာ လှိုင်းလုံးများအလားရိုက်ခတ်နေပြီး သူ့တွင် မကုန်ဆုံးနိုင်သည့် ခွန်အားများရှိနေသည့်အလား လီဟမ်ရှန်းက ခံစားနေရတော့လေ၏။

“ငါက အခုဆို တက်လှမ်းခြင်းအဆင့်ငါးကို ရောက်နေတာ၊ အခုလေးတင်ပဲ ရွှေနယ်ပယ်ဆေးလုံးတွေ အများကြီးကို ငါစားပြီးပြီ၊အဲ့ဒါတောင်မှ အဆင့်ခြောက်ကို မတက်နိုင်သေးဘူး။ ငါ့အရိုးတွေက တကယ်ပဲ အားနည်းနေတာပဲ” လီဟမ်ရှန်းက စိတ်ပျက်စွာ ပြောလိုက်သည်။

“ဆေးစွမ်းအားတော်တော်များများကိုနေလအင်မော်တယ်နတ်ဆိုးခန္ဓာက စုပ်ယူသွားတယ်ဆိုရင်တောင်မှ ကျန်သေးတဲ့ ဆေးစွမ်းအားနဲ့ အဆင့်က တက်တော့တက်သင့်တယ်လေကွာ၊ ဒါကြီးကတော့ အရမ်းကို လွန်သွားပြီ”

“ဒါပေမယ့် ငါက တက်လှမ်းခြင်းအဆင့်ငါးမှာပဲရှိနေသေးပေမယ့် ငါ့ခန္ဓာကိုယ်က သွေးချီတွေက သာမန် တက်လှမ်းခြင်းအဆင့်ငါးထက် အများကြီး သာလွန်နေတယ်လို့ ငါခံစားနေရတယ်”

ထိုခံစားချက်မှာ ထင်ယောင်ထင်မှာ မဟုတ်ပါချေ။

အဘယ်ကြောင့်ဆိုသော် နေလအင်မော်တယ်နတ်ဆိုးခန္ဓာကျင့်စဉ်ကို မကျင့်မီက လီဟမ်ရှန်းမှာ တက်လှမ်းခြင်းအဆင့်ငါးသို့ ရောက်နေပြီးသား ဖြစ်လေသည်။

သူ ဘယ်သူလဲWhere stories live. Discover now