အခန်း ၅၄

467 47 0
                                    

သူ ဘယ်သူလဲ

အခန်း (၅၄) ထူးဆန်းသော အရုပ်

ရှမူဟိုင်သည် နှုတ်မှ ပွစိပွစိ ‌ရေရွတ်ပြီး အဝေးသို့ ထွက်သွားလေ‌တော့သည်။

ရွှယ်ချမ်းပိုင်သည် တချက်ရယ်ကာ ခေါင်းခါလိုက်လေသည်။ထို့နောက်တွင် သစ်ကိုင်းနှင့် နှင်းတောထဲတွင် စာဆက်ရေးနေလိုက်တော့လေ၏။

အေးစက်နေသော လေထုမှာတိုက်ခတ်သွားပြီး နှင်းပွင့်များမှာ တဖျပ်ဖျပ်နှင့် ရစ်ဝဲကာ ကျဆင်းလာခဲ့တော့သည်။ သူရေးနေသော စာလုံးများမှာ ထိုနှင်းများကြောင့် ဖုံးကွယ်သွားခဲ့သည်။

ရွှယ်ချမ်းပိုင်က ထိုအရာကို စိတ်ထဲမထားနေခဲ့ပေ။ ထို့နောက်တွင် စာလုံးနှစ်လုံးကို ထပ်‌‌ရေးလိုက်လေ၏။

ချင်းယန်

ထိုစာလုံးများကို ကြည့်ရင်း ရွှယ်ချမ်းပိုင်သည် အတွေးရေယဉ်ကျောထဲ မျောနေခဲ့သည့်ပုံစံရှိနေတော့သည်။

ထိုအခိုက်မှာပင် နှင်းလင်းယုန်တကောင်သည် ကောင်းကင်ထက်မှ ပျံဝဲကာ ဆင်းသက်လာခဲ့၏။

၎င်းသည် နှင်းဖုံးနေသော ခန်းမ အနီးတွင် နားလိုက်သည်။ ရွှယ်ချမ်းပိုင်က လင်းယုန်ထံသို့ လျှောက်သွားကာ ပို့လာသော စာကို သွားယူလိုက်လေသည်။

သူက စာကို ဖွင့်ဖောက်လိုက်ရာ စာတကြောင်းရေးထားသည်ကိုသာ တွေ့လိုက်ရလေ၏၊

‘ပြသနာတွေ အစပျိုးနေပြီ၊ မလာပါနဲ့’

ထိုစာကို ဖတ်ပြီး‌နောက်တွင် ရွှယ်ချမ်းပိုင်၏ မျက်ဝန်းများမှာ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့တော့လေ၏။သူက စာကို ဝတ်ရုံထဲသို့ ထည့်လိုက်ပြီးသည့်နောက်တွင် မတ်တပ်ရပ်လိုက်သည်။

သူ ဘယ်သူလဲWhere stories live. Discover now