အခန်း ၁၀

451 45 0
                                    

သူ ဘယ်သူလဲ?

ဘာသာပြန် - Zeus

အခန်း(၁၀)

တောက်ယွမ်တောင်ထိပ်တွင် မြောက်မြားစွာသော ပန်းများ ပွင့်လန်းနေခဲ့တော့သည်။ထိုနေရာတွင် မတူညီသော နေရာတိုင်းမှ ပန်းများစွာတို့ကို ဂိုဏ်းချုပ် လော ရှောင်ချွမ်က ယူဆောင်လာပြီး တောင်တခုလုံး၌ စိုက်ပျိုးထားသည်ဟု ကောလဟာလ ရှိနေခဲ့ပါသည်။

ပန်းတိုင်းမှာ အရောင်စုံကာ တောက်ပနေခဲ့တော့လေ၏။လောကကြီးတခုလုံးကို ဆေးရောင်စုံခြယ်ထားသည့်အလားပင် ဖြစ်နေခဲ့သည်။

လမ်းအဆုံးတွင်တော့ ဝါးတောလေးရှိသည်။လော ရှောင်ချွမ်သည် ထိုနေရာ၌ နေထိုင်လေ့ရှိ၏။ဝါးတော၏ အပြင်ဖက်တွင်တော့ ဆန်းကြယ်သော အက္ခရာများကို ရိုက်နှိပ်ထားသည့် ကျောက်လိပ်ရုပ်ထုကြီးများ ရှိလေသည်။

မူဟိုင်ဖုန်းတောင်သခင် ဝါးတောအစပ်နားသို့ ရောက်စဉ်မှာပင် ဝါးတောထဲမှ တစုံတယောက် ထွက်လာသည်ကို သတိပြုမိလိုက်လေသည်။

ထိုပုဂ္ဂိုလ်သည် ဆွတ်ဆွတ်ဖြူနေသော အဝတ်အစားကို ဝတ်ဆင်ထားပြီး အသက်လေးဆယ်ခန့် ရှိပေသည်။သူ၏ ကြယ်တာရာကဲ့သို့ မျက်ဝန်းများမှာ မြင့်မြတ်ကာ စွမ်းအားကြီးမားလှသည့် ဓားအရှိန်အဝါများ လှိုင်လှိုင်ထွက်ပေါ်နေခဲ့လေသည်။သူ၏ ဟန်အမူအရာများ မြင့်မြတ်မှုနှင့် အေးစက်မှုတို့ ‌ရောယှက်နေသောကြောင့် သူ၏ ပုံစံမှာ ဆန်းကြယ်နေကာ ခန့်ညားချောမောနေခဲ့တော့သည်။

"ဒုဂိုဏ်းချုပ်"

ထိုလူကို မြင်သည်နှင့် မူဟိုင်ဖုန်းတောင်သခင်သည် လက်ကိုဆုပ်ကာ ရိုသေစွာ နှုတ်ဆက်လိုက်လေ၏။

"ရှမူဟိုင်?" မူဟိုင်ဖုန်းတောင်သခင်ကို မြင်သော် ထိုပုဂ္ဂိုလ်က တည်ငြိမ်စွာ ဆိုလိုက်၏။

"ဂိုဏ်းချုပ်ကို လာရှာတာလား"

"ဟုတ်ပါတယ်။ကျုပ်မှာ ဂိုဏ်းချုပ်ကို အရေးတကြီးသတင်းပို့စရာ ရှိနေပါတယ်" ရှမူဟိုင်က ခေါင်းညိမ့်လိုက်လေသည်။

အမြဲလိုလို အရာရာကို ပေါ့ပေါ့ပါးပါး သဘောထားကာ နေတတ်သော ရှမူဟိုင်တယောက် လွန်စွာလေးနက်နေသောကြောင့် အဖြူရောင်ဝတ်စုံနှင့် လူက ခေါင်းညိတ်ကာ ဖြေလိုက်၏။

သူ ဘယ်သူလဲWhere stories live. Discover now