Part.6

3K 503 27
                                    

ညအမှောင်ထုကိုအံတုရင်း မြို့တော်ရဲ့လမ်းတွေသည် မာ
ကျူရီဓာတ်တိုင်မီးများဖြင့်ထိန်ထိန်းလင်းလာသည်။မိန်းလမ်းမကြီးထက်လမ်းသွားလမ်းလာတွေနဲ့ ပြည့်ကျပ်ညက်
နေသည်မှာပုရွတ်ဆိတ်အုံကြီးတွေအလား။တစ်ချို့ဝန်ထမ်းတွေအခုမှအလုပ်ဝင်သလို၊ တချို့ အလုပ်သမားတွေလည်းတာဝန်ချိန်ပြီးဆုံးလို့ပြန်သွားကျပြီ။နေ့နဲ့ည၊နေနဲ့လ ဆန့်ကျက်ဘက်ယှဥ်တွဲမူ့တွေက အသင်ရှင်ဖို့ဘာလို့သဟဇာတဖြစ်နေ
ရတာလဲ။ကောင်းမူ့၊ဆိုးမူ့နှစ်ခုထဲမှ တစ်ခုခုတစ်ဖက်စောင်းနင်းမဖြစ်ခင်ချိန်အထိ၊အရာရာဘက်ညီမျှနေဦးမှာ။

ပိန်းပိန်းမှောင်နေသော အမှောင်ထုကိုအားပြုကာလူအုပ်စု
တစ်စုသည်သိုသိုသိပ်သိပ်လှုပ်ရှားနေကျသည်။မြို့ပြင်ဘက်
ရထားသံလမ်းတွေမှာလူသူရှင်းသည်။အရင်ဒီနေရာတွင်ရပ်
ကွက်တစ်ခုရှိသော်လည်း၊အစိုးရက ကျူးကျော်ဟုသတ်
မှတ်ကာနှင်ထုတ်ခဲ့သည်။နှစ်ပေါင်းများစွာအတွင်းလူမနေ
သည့်တိုက်တာအိုးအိမ်များသည် ကင်မ်ထယ်ယောင်းတို့လိုဒုစရိုက်သမားတွေအတွက်ကျင်လည်ကျက်စားရာနေရာဖြစ်လာခဲ့သည်။

ဒုစရိုက်သမား...ဒီအသုံးအနှုန်းက အရမ်းပြင်းထန်လွန်းတယ်။တစ်ကယ်ဆို နိုင်ငံလူအညွန့်တုံးစေတာ ဟီရိုးအင်း
(ဘိန်းဖြူ)ရောင်းဝယ်ဖြန့်ဖြူးရေးတွေပဲ။ လက်နက်ကတော့..
စစ်ပွဲတွေ ရဲ့ဇာတ်လိုက်၊ လူမျိုးတုံးသတ်ဖြတ်ရေးတွေအတွက်အဓိကတရားခံပေါ့။စပ်ဆုပ်ရွံရှာဖို့ကောင်းတယ်ဆိုပေမဲ့..နိုင်ငံတိုင်း၊ လူမှု့အဖွဲ့အစည်းတိုင်းမရှိမဖြစ်လိုအပ်နေတုန်းပဲ။အပေါ်ကပြောခဲ့သလိုပေါ့...လက်နက်ရောင်းဝယ်ဖောက်
ကားရေးသည် ဟီရိုးအင်းလောကလောက် စျေးကွက်တွင်ကျယ်မနေ။လက်နက်တွေသယ်ရပြုရ ခက်ခဲတာရော၊ ရေသင်္ဘောလမ်းကြောင်းကို အားကိုးရတာရောတွေကြောင့် လုပ်ငန်းပြိုင်ခပ်ရှားရှား။နှစ်အနည်းငယ်လက်နက်ရောင်းဝယ်ရေးလောကတွင်ကျင်လယ်၊လူပါးဝသွားရင်အမြတ်အစွန်းအများကြီးရတဲ့ဟီရိုးအင်းလောက ကို ခြေစုံပစ်ဝင်သွားတဲ့သူတွေချည်းပဲ။ထယ်ယောင်းကတော့သူကျင်လည်ရာဒုစရိုက်
နယ်မြေကို သံယောဇဥ်ရှိရှိဖက်တွယ်ထားတုန်း။ အစိုးရ
ဘက်ကလည်းကင်မ်ထယ်ယောင်းလိုလက်နက်မုဆိုးတစ်ယောက်ကိုဖမ်းဖို့တာဆူနေတုန်းပဲ။ ကံကောင်းသည်လား
ဒါမှမဟုတ် အချိန်မကျသေးတာလား ၊သူဟာအခုချိန်
ထိ လက်နက်လောကတွင်ရှင်သန်လွတ်မြောက်နေတုန်းပင်။

Who Is heOnde histórias criam vida. Descubra agora