Part.3

2.7K 500 66
                                    

လတ်ဆတ်နွေးထွေးသောဆောင်းဦးနေ့လည်ခင်းတစ်ခု...
ကြီးမားခမ်းနားသော အဖြူရောင်အိမ်တော်ကြီးတွင်လူအများစုရုံးနေသည်။ထိုလူအများစုက အသက်နှစ်ဆယ်နဲ့
သုံးဆယ်ကြားဝန်းကျင်ယောကျာ်းတွေဖြစ်ရကာ ခန္ဓာကိုယ်
တုတ်ခိုင်သန်မာသည်။မျက်နှာတွေလည်းခန္ဓာကိုယ်နဲ့လိုက်
ဖက်စွာကြမ်းကြမ်းတမ်းတမ်းကြီး။သူတို့တွေအားလုံးက
တစ်စုံတစ်ဦအမိန့်ကိုနာခံသလိုပင်၊ခေါင်းငုံရိုကျိုးလျှက်။
သူ့တို့ရှေ့တည့်တည့်ထိုင်နေသောအစ်ကိုကြီးအားခေါင်းမော့
မျက်လုံးချင်းဆုံအောင်တောင်မကြည့်ရဲ့။အခုတလောအစ်ကို
ကြီးမှာအလွန်တရာစိတ်ဆတ်နေတဲ့အပြင်အမှားနည်းနည်း
လေးလုပ်လိုက်မိတာနဲ့ဘာမပြောညာမပြော၊ လူအုပ်ကြား
ထဲက ဆွဲထုတ်နားရင်းပါးရင်းရိုက်တော့တာပဲ။မုန်းတိုင်းအ
ဝင်ကြမ်းသည်ကြောင့်လေသံစွင့်နားစွင့်ရင်းအားလုံးခပ်ကုပ်
ကုပ်သာဖြစ်နေတော့သည်။ အခုလည်း ဘာအရေးကိစ္စထူး
သည်မသိ အားလုံးအားဒီနေရာတွင်စုခိုင်းထားသည်။

ထယ်ယောင်းရောက်တာငါးမိနစ်လောက်ရှိပြီ။သူ့ရှေ့က
ဇိုးအုပ်စုကြီးမှာအသံတစ်စက်မှမထွက်၊မော့ပင်မကြည်လာ။
ခေါင်းငုံ၊မျက်လွှာချပြီးငြိမ်သက်နေသည်ကား အိ​န္ဒြေ ကြီး
တဲ့မမလေးတွေအလား။ ထယ်ယောင်း..အတွေးနဲ့တင်
သွေးတစ်ပွက်အန်ချင်သွားသည်။

"မင်းသမီးလေးတွေ ခေါင်းလေးဘာလေးမော့ကြည့်ကျဦး၊
ဒါမှမဟုတ်ငါကပဲ မင်းတိုရုပ်ကြမ်းကြီးတွေကိုမေးစေ့က
နေကိုင်ပြီးလိုက်ပင့် ပေးဖို့များမျှော်လင့်နေကျတာလား"

ထယ်ယောင်းရဲ့စူးရှကျယ်လောင်တဲ့အသံကြောင့်လူမိုက်
အုပ်စုကြီးမှာလှုပ်လှုပ်ရွရွဖြစ်လာပြီးတစ်ဖန် ခေါင်းမော့လာသည်။

"ဒီနေ့မင်းတို့ကောင်တွေကို အလှကြည့်ဖို့ များ ငါခေါ်ထား
တယ်ထင်လား"

ထယ်ယောင်းငေါ်တူးလာသည်။ အစ်ကိုကြီးလို့သာခေါ်
ရတာAlphaမှာငယ်ရွယ်ပျိုမြစ်လွန်းသည်။စွန်ရဲသား
ကောင်ဖမ်းသလို မျက်ဝန်းတွေအကင်းပါကာတစ်ယောက်
ချင်းစီစေ့စေ့စပ်စပ်လိုက်ကြည့်လာသည်။

Who Is heWhere stories live. Discover now