Part.5

2.6K 504 64
                                    

နောက်ကလိုက်လာသည့်ခြေနင်းသံတစ်ရှပ်ရှပ်ကြောင့်ထယ်
ယောင်းလှည့်ကြည့်လာသည်။ရုံးခန်းထိလိုက်လာသော
ဆံဖြူကောင်ကြောင့်ထယ်ယောင်းမျက်နှာကတင်းကနဲ။
ဟိုလူမိုက်တစ်သိုက်ကာ...တားဟယ်ဆီးဟယ်မလုပ်ပဲအခန်းထဲလျောလျောရူရူဝင်ခွင့်ပေးတာအံသြမဆုံးဘူး။ သူ့တို့Bossဖင်နောက်တစ်ကြိမ်တက်ချသွားရင်တောင်သိလိုက်မည်မဟုတ်။

"မင်း ဒီကိုဘာလာလုပ်တာလဲ"

ထယ်ယောင်းပြတ်ပြတ်သားသားပင်မေးချလိုက်သည်။
စောင့်စောင့်အောင့်အောင့်ထွက်လာတဲ့ထယ်ယောင်းအသံအား
မကြားယောင်ပြုကာရှေ့ခုံတွင်ဝင်ထိုင်သည်။

"အသေးစားချေးငွေလုပ်ငန်းစုလေးဖွင့်ထား​တာပဲမလား၊
ကျုပ်ပိုက်ဆံချေးမလို့"

ယုတ္တိလုံးဝမရှိတဲ့စကားကြောင့်ထယ်ယောင်းအော်သာရယ်
ပစ်လိုက်ချင်တော့တယ်။ တစ်ညဒေါ်လာသိန်းချီကုန်ကျတဲ့
hotelမှာတည်းနိုင်တဲ့လူက သူ့ဆီ ပိုက်ဆံချေးမတဲ့လေ။
ခေါင်းထဲ ချီးပြည့်နေတဲ့လူမှအဲ့စကားကိုယုံမယ်။

"မင်းငါ့ကို အရူးလုပ်နေတာလား"

ထယ်ယောင်းခြေ ချိတ်ထိုင်လိုက်ကာ စီးကရက်တစ်လိပ်ကို
မီးညိူရှိုက်ဖွာ၏။ပန်းရောင်လက်သည်းခွံတွေကြား
တရဲရဲတောက်လောင်နေသောစီးကရက်မီး။ဂျွန်ဂျောင်ကု
၏မျက်လုံးတွေသည်ထိုစီးကရက်မီးအလားတရဲ
ရဲတောက်ပလာတော့၏။

"အရူး လုပ်တယ်လား...ဘယ်သူကဘယ်သူ့ကို အရင်
အရူးလုပ်သွားတာလည်း...Honey၊ မင်းရဲ့ဒီပုံစံက
Alphaလား။ ကျုပ်အမြင်တော့ အရင်အရူးလုပ်သွား
တာမင်းပဲ"

Honeyဆို တဲ့အသုံးအနှုန်းကြီးကြောင့်ထယ်ယောင်း
မျက်ဖြူတောင်လန်ချင်ချင်ရယ်။ဒီဆံဖြူကောင်က
လူးပါးဝလိုက်တာ။သူ့ရုံးခန်းထဲထိလိုက်လာတဲ့အပြင်သူ့လို
လူကိုတောင်Honey လို့ခေါ်ရဲသေးတယ်။ထယ်ယောင်း
စိတ်​တိုတို့နဲ့သောက်လက်စ စီးကရက်ကို အနက်ရောင်ပြ
ခွက်ထဲ ထိုးချေလိုက်တယ်။

"မင်းရဲ့သောက်ရေးမပါတဲ့စကားတွေနားထောင်ဖို့အချိန်
မရှိဘူး။ မင်းဘာသာမင်းပြန်မလား၊ဒါမှမဟုတ်...
ငါလူ့တွေခေါ်ပြီးအပြင်ဆွဲထုတ်ခိုင်းရမလား..ကြိုက်တာ
ရွေး"

Who Is heWhere stories live. Discover now