Part.4

2.7K 519 50
                                    

အနက်ရောင်အကာအဆောင်းကိုယ်စီနဲ့လူငယ်နှစ်ယောက်
မှာ ဓားကိုယ်စီကိုင်ဆွဲကာ ကင်ဒိုကစားနေကျသည်။ ကိုယ်
ခံပညာနဲ့အားကစားပေါင်းစပ်ထားသည့် ဒီကစားနည်းကို
ဂျွန်ဂျောင်ကုသဘောကျတယ်လို့ဆိုရမလားပဲ။ တစ်ပတ်မှာ
လေးငါးကြိမ်လောက်ထိ ကင်ဒိုကစားဖြစ်တယ်။ မတတ်
ကျွမ်းခင်နည်းပြအဖြစ်သင်ကြားပေးသော ဆရာမှာ နောက်ပိုင်းလက်ရည်တူကစားဖော်ဖြစ်လာခဲ့သည်။ ဆရာ နိုင်သည့်အချိန်လည်းရှိသလို၊ တစ်ခါတစ်ရံလည်းဂျောင်ကုနိုင်သည်။

ဓားချင်းထိခတ်သံများဆူညံပွက်လောရိုက်ပြီးနောက်အခန်း
ငယ်လေးသည် တစ်ဖန်ပြန်တိတ်ဆိတ်သွားသည်။ ချွေးသံ
တလုံးလုံး ခန္ဓာကိုယ်အားဂျောင်ကု လေသလပ်ခံထား၏။
ဝတ်ရုံအနက်ရောင်ကိုချွတ်ကာ ခါးထက်စည်းနှောင်ထားသည်
ကြောင့် ကြွက်းသာအမြှောင်းမြှောင်းနဲ့ ရင်အုံကြွက်သွား
တွေကအထင်းသား။ လက်မောင်းသားတွေကျစ်ကျစ်လစ်လစ်ဖုဖုဖောင်း။ကျန်းမားရေးအထူးလိုက်သည်စားသည့်ခန္ဓာကိုယ်မှာနတ်ဘုရားရုပ်ထုကို ပုံသွင်းအင်္ဂတေကိုင်ထားသည့်အလား..ပြစ်ချက်ဟူရယ်မရှိ။ ဂုတ်ထောက်နေတဲ့ငွေရောင်ဆံပင်တွေကချောမောခံညံမူ့ကိုထပ်ဆင့်လောင်းပံပိုးပေးထားသလို။လက်တစ်ဖက်ရှိ ရောင်စုံတက်တူးများကလည်းအသက်ဝင်ကာသူရဲကောင်းဆန်ခြင်းများအပြည့် ။အရာအားလုံးပေါင်းစပ်ကြည့်လိုက်လျှင် ထိုAlphaမှာအရမ်းကိုတန်ခိုးကြီးတဲ့ ဒဏ္ဏာရီလာနတ်ဘုရားပမာ။ခြေစုံပစ်ကာဒူးထောက်ချင်စရာကြီး။

Henry သည် ဂျွန်ဂျောင်ကုကိုယ်ပေါ်ကျက်စားနေတဲ့သူ့
အကြည့်ရိုင်းတွေကိုမနည်းပြန်ဆွဲခေါ်လိုက်ရတယ်။ အရင်က
ဂျောင်ကုအတွက် ကင်ဒိုနည်းပြ ဆရာဖြစ်သော်ငြား၊အခု
တော့ လက်ရည်တူ ကစားဖော်ဖြစ်နေပြီ။ ဂျွန်ဂျောင်ကု
ရဲ့ လေ့လာသင်ယူနိုင်စွမ်းက မဟားတရားကောင်းတယ်။

"ဟေ့..ဘရို ဒီနေ့မကစားချင်တာလား၊ဒါမှမဟုတ်စိတ်
တွေဘယ်ရောက်နေတာလည်း၊မင် အမှားတွေအရမ်းများ
တယ်"

Henry စကားကို ဂျွန်ဂျောင်ကု ပြန်လည်ချေပခြင်းမပြု။
သူကိုယ်တိုင်ကလည်းဘယ်နေရာဘာအမှားလုပ်မိကိုသိ
ထားသည်ကြောင့်ဆိတ်ငြိမ်နေမိ၏။ အခုရက်ပိုင်းတွေသူ့
အာရုံကောင်းကောင်းစုစည်းလို့မရ။အမြဲတမ်းလိုလို အကြောင်းအရာတစ်ခုကလိုက်လံနှောင့်ယှက်နေတတ်သည်။

Who Is heWhere stories live. Discover now