အခန်း ( 13 ) ကိုယ် မင်းကိုပြောစရာရှိလို့ . .

102 13 6
                                    

ရှကျစ်ကွမ်း  Hongyan village တစ်လျှောက် အေးဆေးတိတ်ဆိတ်စွာ မောင်းနှင်သွားရင်း
ပန်းဆိုင်လေးရှေ့တွင် ရပ်လိုက်သည်။ထို့နောက် ကျွင့်ကျယ်ကို ကားထဲမှပွေ့ချီဆွဲထုတ်လိုက်ရင်း အိမ်အပေါ်ထပ် အိပ်ခန်းထဲထိ လိုက်ပို့ပေးလိုက်သည်။

သူသည်တော့ ဘေးအိမ်ကို ပြန်လိုက်ကာ
ရေမိုးချိုးကိစ္စဝိစ္စများ ပြုလုပ်ပြီး ကော်ဖီပူနွေးနွေးတစ်ခွက်နဲ့အတူ အလုပ်စားပွဲတွင်ထိုင်လိုက်သည်။

ထို့နောက် ချန်ဖေးပို့ထားသော projectနဲ့အစီရင်ခံစာတစ်ချို့ကို ကြည့်နေလိုက်သည်။

ထိုအချိန် . .

တီ . .
တီ . . တီ . . . .

ရှကျစ်ကွမ်း ကွန်ပျူတာကိုကြည့်နေရာမှ ဝင်လာသောဖုန်းသံကြောင့် အကြည့်လွှဲလိုက်ရင်း ကိုင်လိုက်သည်။

" အင်း . . ပြော "

" သူဌေး . . .
သူဌေး ကျွန်တော်တို့ကို စုံစမ်းခိုင်းထားတဲ့  သူဌေးအစ်ကိုရဲ့သေဆုံးမှုနဲ့ပတ်သက်တဲ့သူကို ရှာတွေ့ပါပြီ . . "

ရှကျစ်ကွမ်း မျက်မှောင်ကျုံ့လိုက်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။
" အဲ့လူကို ဘယ်လိုခေါ်လဲ . .
အခုဘယ်မှာလဲ . . "

တစ်ဖက်မှသူက တရိုတသေဖြင့် ပြန်ပြောလာသည်။
" အဲ့လူက ဝမ်ကုမ္ပဏီရဲ့သူဌေး  . .  ဝမ်ရိပေါ်ပါ ... တစ်နေ့ကမှ နိုင်ငံခြားကနေ ပြန်ရောက်နေပြီး  မနက်ဖြန်ရှန်ဟိုင်းမြို့ ချင့်ရာလေလံပွဲကိုတက်ရောက်မယ်လို့ စုံစမ်းရထားပါတယ် "

" လေလံပွဲက ဘယ်ချိန်လုပ်မှာလဲ . . "

" ညနေပိုင်း 5:00နာရီလောက် စလုပ်မှာပါ . . "

ရှကျစ်ကွမ်း ခေါင်းညိတ်လိုက်သည်။
" မင်း . . ရှန်ဟိုင်းမြို့ကို မနက်6:00 နာရီလောက်ထွက်မဲ့ လေယာဥ်ကိုရှာလိုက် . ."

" . . . . "

" သူဌေး . . ကျွန်တော့်တပည့်တွေကိုမေး
ကြည့်တာ ရှန်ဟိုင်းမြို့ကို မနက်ဖြန်စောစော ထွက်မဲ့ လေယာဥ်မရှိပါဘူး . .ဒါပေမဲ့
နေ့ဘက် 12:00လောက်တော့ ရှိတယ် "

" မရဘူး . . ငါ လေလံပွဲမတိုင်ခင်ရောက်ဖို့
လိုတယ် မနက်စောစောလေယာဥ်ချိန်တွေမရှိရင်ထားလိုက်တော့ ငါ့ကိုယ်ပိုင်လေယာဥ်နဲ့ဘဲ သွားလိုက်မယ် လေလံပွဲနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စုံစမ်းလိုက် . . . "

For Get Me Not 🌸 Where stories live. Discover now