အခန်း ( 6 ) နှင်းဆီနီ 3 ပွင့်

126 12 0
                                    

မနက်ခင်းရဲ့အေးချမ်းမှုနဲ့အတူ .   .
နေ့အလင်းရောင်သဲ့သဲ့က မှန်ပြတင်းပေါက်ကို ရောင်ပြန်ဟပ်ကာ အဖြူရောင် မွေ့ရာပေါ်ရှိ သိမ်မွေ့စွာအိပ်စက်နေသော
ကောင်လေး၏ မျက်နှာပေါ်သို့ကျရောက်လျက် .   .

ဟွမ်ကျွင့်ကျယ် မျက်နှာပေါ်သို့ ကျရောက်လာသော အလင်းရောင်တို့ကိုလက်ဖြင့်ကာလျက် အိပ်ရာဘေးစားပွဲခုံပေါ်က နာရီကိုလှမ်းယူလိုက်ကာ ကြည့်လိုက်သည်။

" 6 နာရီ .  .  .စောသေးတာဘဲ . .ဒါပေမယ့် လုပ်စရာရှိတာလေးတွေလုပ်ရအောင် ထလိုက်တော့မယ် "
ဟွမ်ကျွင့်ကျယ် ကိုယ်ပေါ်ရှိ စောင်အားဖယ်လိုက်ကာ ရေချိုးခန်းဝင်လိုက်သည်။
ပြီးနောက် အောက်ထပ်သို့ဆင်းကာ
ပြတင်းပေါက်များဖွင့်ပြီး ဆိုင်အတွင်းပိုင်းအား အလင်းရောင်ဝင်စေသည်။
( T.N:ကျွင့်ကျယ်ရဲ့ ပန်းဆိုင်လေးက နှစ်ထပ်အိမ်လေးပါနော် အခန်း 4 မှာ နမူနာပုံလေးပြထားပါတယ်နော် )

ထို့နောက် သန့်ရှင်းရေးလုပ်ပြီး ပန်းပင်တို့အား ရေလောင်းခြင်းလုပ်ငန်းစတင်လိုက်သည်။ဆိုင်အတွင်းရော အပြင်ရောကို သပ်သပ်ရပ်ရပ် လှလှပပ ပြုလုပ်ပြီးနောက်
7 နာရီသို့ရောက်ရှိသွားပြီ ဖြစ်၍ ဆိုင်တံခါးမှာ ချိတ်ထားတဲ့ 'ပိတ်သည်´  ဟူသော ကြိုးဆွဲဆိုင်းဘုတ်လေးအား ဆန့်ကျင်ဘက် တစ်ဖက်သို့လှည့်လိုက်သည်။ 'ဖွင့်သည်´ . .

" သား .  .ကျွင့်ကျယ် ဝီရိယ ကောင်းလှချည်လား ဒီလိုမျိုးအလုပ်ကြိုးစားတဲ့ ကောင်လေးကို အားပေးရအောင် . ."

ဟွမ်ကျွင့်ကျယ် အန်တီချင်ရဲ့ချီးမွမ်းစကားကြောင့် ရှက်သွားပြီး ခေါင်းလေးကုတ်လိုက်ကာ ပြောလိုက်သည်။
" အာ . .ဒါဆိုရင်တော့ အန်တီချင်ကို ပထမဆုံးဝယ်ယူသူအနေနဲ့ ကျေးဇူးတင်ပါတယ် "

"အန်တီချင် အထဲကို အရင်ဝင်ပါ "
ဟွမ်ကျွင့်ကျယ် ပြုံး၍ပြောလိုက်သည်။
အန်တီချင်သည် သူ့မိဘတွေရှိစဥ်ထဲက သဘောအလွန်ကောင်းပြီး စိတ်ရင်းကောင်းသူဖြစ်သည်။အန်တီချင်က
ကျွင့်ကျယ် ပန်းဆိုင်ရဲအရှေ့အိမ်က အိမ်နီးနားချင်းလည်းဖြစ်သည်။

"အင်း"
အန်တီချင် အရှေ့က လူငယ်လေးကို
ကြည့်ကာ ခေါင်းညိတ်ပြရင်းပြောလိုက်သည်။
ထို့နောက် အထဲသို့ဝင်လိုက်ကြသည်။

For Get Me Not 🌸 Where stories live. Discover now